လာရောက်ဖတ်ရှုသူ

     

Tuesday, September 6, 2016

အချစ်ဆိုတာဘာလည်း?

အချစ်ဆိုတာ ဘာလဲ
လောကကြီးကို မေးချင်တယ်
ပြောင်းလဲခြင်းက အချစ်လား
သစ္စာမဲ့ခြင်းက အချစ်လား
ဟန်ဆောင်ခြင်းက အချစ်လား
ဦးပေက္ခာပြုခြင်းက အချစ်လား
သေချာတာကတော့
လူတွေ ပြောင်းလဲတတ်ကြတယ်
လူတွေ သစ္စာမဲ့ကြတယ်
လူတွေ ဟန်ဆောင်နေကြတယ်
လူတွေ ဦးပေက္ခာပြုကြတယ်
အဲ့ထဲမှာ နင်လည်းပဲ အပါအဝင်ပေါ့
အသဲကွဲတာ အချစ်လား
ဝမ်းနည်းပူဆွေးတာ အချစ်လား
အထီးကျန်တာ အချစ်လား
နာကျင်တာ အချစ်လား
ခံစားရတာ အချစ်လား
အဲ့အထဲမှာ ငါလည်းပဲ ပါဝင်နေခဲ့တယ်
တို့နှစ်ယောက်က မတူညီကြဘူး
ငါ့အမှားလား နင့်အမှားလား
မသိတော့ဘူးဟာ
အချစ်က ဘာလဲ
အခု ငါ့ရင်ထဲမှာ ဖြစ်ပျက်နေသမျှဟာ
အချစ်လား
ဒါဆိုငါ အချစ်ဆိုတာကြီးကို
အရမ်းပဲ မုန်းတယ်ဟာ
ဖြစ်နိုင်ရင် နင်လည်းပဲ
ငါ့လို ခံစားချက်မျိုး ရှိစေချင်တယ်
ဒါပေမဲ့ နင်မဟုတ်တဲ့
ငါကတော့ နင်နဲ့မတူသလိုပါပဲ
အရမ်းပဲ ရူးနေမိတယ့့် ။ ᠌᠌᠌

                  * *

နင့် နင့်

နင် ငါနဲ့ ပတ်သက်ပြီး စိတ်ပူဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး သဝန်တိုဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး ဂရုစိုက်ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး အရေးပေးဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး နားလည်ခဲ့ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး သည်းခံခဲ့ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး ယုံကြည်ခဲ့ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး ခွင့်လွှတ်ခဲ့ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး အနားမှာ နေပေးခဲ့ဘူးလား

နင့်ပါးစပ်က ချစ်တယ်ချစ်တယ်သာ ပြောခဲ့ဖူးတာ

နင် ငါ့ကို ဦးပေက္ခာပြုထားတယ်လေ

နင် ငါ့အတွက် အချိန်လေးတောင် မပေးဘဲနဲ့

ငါ့ကို ချစ်တယ်ဆိုတာ ငါဘယ်လို ယုံကြည်ပေးရမှာလဲ

ငါ့ဘက်ကသာ နင့်အတွက် စိတ်ပူလိုက်ရ/
သဝန်တိုလိုက်ရ/ဂရုစိုက်လိုက်ရ/အရေးပေးလိုက်ရ/
နားလည်ပေးလိုက်ရ/သည်းခံပေးလိုက်ရ/
ယုံကြည်ပေးလိုက်ရ/ခွင့်လွှတ်ပေးလိုက်ရ/အနားမှာ နေပြီး အရမ်း ချစ်ပြလလိုက်ရနဲ့
နင့်ဘက်ကတော့ အေးတိအေးစက်နိုင်လွန်းတယ်

ငါတန်ဖိုးထားသလောက် နင်တန်ဖိုးမထားဘူးဟာ

ငါငိုချင်တယ် သိလား

ငါ့နေရာကို ခဏလောက်ဖြစ်ဖြစ် ဝင်ကြည့်လှည့်ပါဟာ

ငါဘယ်လို ခံစားနေရမလဲ နင်သိအောင်လို့

တခြားအတွဲတွေလို ငါလိုချင်တာပေါ့ဟာ
မိမိချစ်သူဆီကနေ ယုယမှုများကို
ဒါပေမဲ့ နင်မပေးခဲ့ဘူး

ငါဘယ်လိုလုပ်ရမလဲ

ငါတို့နှစ်ယောက် ဘယ်လိုရှေ့ဆက်ကြမလဲ

ငါလည်း နင့်လို နေရမှာလား

ဒါတော့ မဖြစ်နိုင်ဘူးထင်တယ်

ငါပျော်ချင်တယ် ငါအမြဲတမ်းပြုံးချင်တယ်

နင်ဘာလုပ်မှာလဲ ပြောဟာ

နင်နဲ့ငါက ဒီလိုကြီးပဲဆိုရင် ငါရှေ့ဆက်မြင်ယောင်မိသေးတယ်ဟာ

ငါဘာမှ မသိတော့ဘူး

ငါဘာမှ မစဉ်းစားတတ်တော့ဘူးဟာ့

ငါရင့်ခွင့်ကို

နင်ဝင်လာခဲ့တယ် ငါ့ရင်ခွင်ကိုလေ
ဒါပေမဲ့ နင်ပြန်ထွက်သွားခဲ့တယ် ဟိုအဝေးကိုယ်

နင်ပြန်မလာခဲ့ပါဘူး
သို့သော်လည်း ငါလွမ်းနေခဲ့တယ်

နင်မရှိတော့သည့်အခါ
နင့်အား စကားများ တစ်နေ့ထက်တစ်နေ့
ငါ့ရင်ခွင်ထဲ ရှုပ်ပွလာခဲ့သည်

နင်သိမလား နင့်ကြောင့်ငါ
ငိုနေခဲ့တယ် ကလေးလေးတစ်ယောက်လိုပေါ့

နင်ရော နေများကောင်းရဲ့လား
အဆင်ရောပြေရဲ့လား
ဘာတွေ လုပ်နေလဲ စိုးရိမ်မိတယ်

ငါဘယ်လောက်ပဲ နင့်အတွက် ပူပန်ပူပန်
တကယ်တမ်းတော့ ငါတို့က တစိမ်းပါ

ရင်းနှီးခဲ့ဖူးတဲ့အတိုင်းအတာအတွင်းလေးမှာပဲ
ငါ့နှလုံးသား နင့်ကြောင့် သေတယ်

ဘဝပေးအကျိုးကံလား
ဒါမှမဟုတ် နင့်ရဲ့ ယုတ်မာမှုလား
မခွဲခြားတတ်တော့ဘူးဟာ

အရင်လိုငါ မပျော်ဘူး
ငါ့အပြုံးတွေက အသက်မဲ့နေတယ်

နင်သာ အပန်းမကြီးရင် ငါ့ခံစားချက်နဲ့
တန်းတူနေရာ နေကြည့်ပါလား
နင် ရူးသွားနိုင်တယ်နော်

မျှော်လင့်ချက်တွေကြည်ပဲ
ငါမပိုင်ဆိုင်ခဲ့ဘူး

ပြီးဆုံးခဲ့ပေမဲ့
ငါ့အနာဂတ်ပါ ဖော်ဆောင်နေတယ်

စွန့်လွှတ်ချင်ပေမဲ့
လွယ်ကူတဲ့ ကိစ္စမှ မဟုတ်တာကိုယ်

အချစ်မှာသာ ဥပဒေရှိရင်
နင် ပုဒ်မ(-)နဲ့ ပြစ်ဒဏ်ခံစားနေရလောက်ပြီ

ဒါပေမဲ့ အဲ့သလို တန်ပြန်မှုမရှိတာ
အချစ်ပဲလေ

ငါ့နှလုံးသားစတေးခဲ့ရပေမဲ့
မက်မောမိသည့် ပြီးပြည့်စုံမှုလေးတော့
တောင်းတမိတာပေါ့

အသဲကွဲတာသာ
ဆေးရှိခဲ့မယ်ဆိုရင်
နင့်ကို တမ်းတနေမှာတော့ မဟုတ်ဘူး

ဒါပေမဲ့ ဖြေဆေးမရှိသည့်
အဆိပ်တစ်မျိုးပါ

နင်ပြန်လာခဲ့ရင်တောင်
စိတ်ထဲမှာ ခုနေအုံးမယ် ထင်ပါရဲ့။

           

လေတံခွန်မလေးသို့ပေးစာ

လေတံခွန်မလေးသို့

မိုးယံတိမ်စွန်
ထက်တခွင်ဝယ်
ကျင်လည်လှုပ်ရှား
မြူးပျော်ပါးဘို့
တွန်းအားညှိကာ
စောင့်ရှောက်ပါသည့်
မေတ္တာကြိုးစ
ကိုယ့်ဘဝကို
သူကငြိုငြင်
အပြစ်မြင်၍
ဆင်ခြင်နည်းစွာ
ရက်စက်ပါလည်း
ရင်ထဲနောင်တ
ဘယ်မရပြီ
ထက်ဝဠာမှာပျော်ပါစေ။
       ချစ်သောလေတံခွန်

Friday, September 2, 2016

ငါ့ဘဝငါ့ဘဝ

မင်းတို့မသိတဲ့ငါ့ဘဝ
မင်းတို့တွေကျောင်းတက်ပြီးပျော်နေချိန်မှာ
မပြေလည်တဲ့ငါ့မိဘတွေကိုတဖက်တလမ်းကကူညီနေ၇တယ်ဒီနှစ်ကျောင်းမှတက်၇မလားဆိုတဲ့စိတ်တွေနဲ့ပေါ့
8တန်းေ၇ာက်တော့စာတော်၇ဲ့သားနဲ့ကျောင်းထွက်လိုက်တဲ့ငါ့ကိုမင်းတို့ဝိုင်းပြီးအပြစ်တင်ကြတယ်ကျမ်းမာေ၇းမကောင်းတဲ့ဖခင်နဲ့အ၇ွယ်မေ၇ာက်သေးတဲ့ငါ့ညီငါ့ညီလေးတွေကိုပြုစုပျိုးထောင်ဖို့အားနည်းနေတဲ့ငါ့အမေကိုကူညီဖို့ငါ၇ှိမှဖြစ်မှာပေါ့
မင်းတို့တွေပျော်ကြမြူးကြနဲ့ပွဲတော်၇က်တွေမှာ
မင်းတို့နဲ့ငါမလိုက်ချင်တာမပာုတ်ပါဘူး
ငါ့ကိုအားထားပြီး၇ှင်သန်နေ၇တဲ့ငါ့ညီငါညီမလေးတွေ၇ဲ့အနာဂတ်ပာာငါတ၇က်လောက်ပျော်လိုက်တာနဲ့အဆင်မပြေဖြစ်သွားနိုင်တာကိုမင်းတိုမသိလို့ပါကွာတမိသားစုလုံး၇ုန်းကန်၇ှာဖွေတာတောင်မလောက်ငှနိုင်တဲ့ဒီခေတ်ာကြီးမှာမင်းတို့အလေးအနက်ထားတဲ့အချစ်ဆိုကိုငါစိတ်မ၀င်စားနိုင်တာစိတ်မဆိုးကြပါနဲ့ကွာ
တကယ်တော့ငါကလူငယ်ဘ၀ကိုမင်းတို့လို့ပျော်၇ွင်စွာဖြတ်သန်းချင်တာပါ ဒါပေမယ်ငါကမင်းတို့လိုပြည်စုံတဲ့ဘ၀မှာမပာုတ်ဘူးလေတကယ်ပါဒါပာာမင်းတို့မသိသေးတဲ့ငါ့ဘ၀ပါ.....ငါဟာတစ်ကယ်တော့အရာအားလုံးရဲ့အဖြည့်ခံပါ ပျော်ခြင်ပါတယ်အခုချိန်ထိတော့မပျော်ရပါဘူးငါဘဝ

သုံညဟာ သုံညပါပဲ

သုည

လောကဓံက ငါ့ဘ၀ကို အကြိမ်ကြိမ် ခုတ်ပိုင်းလဲ

ကြယ်ငါးတွေရဲ့လက်တံလို

ဘ၀အသစ်ကို အဖန်ဖန် ပြန်မွေးဖွား

အားလုံးနဲ့တသားတည်း ရှိနေမယ်...

သူများတန်ဖိုးတက်ဖို့

နောက်နားက အဖြည့်ခံ

ပေးဆပ်တဲ့ သုညအတွက်

နောက်ကောက်ကျစရာလဲမရှိ

ဖြစ်တည်မှု တန်ဖိုးသက်သက်နဲ့

သုညကို အပိုင်းပိုင်းခွဲလဲ

သုညဟာ သုညပဲမို့လေ..
.

ဖန်တီးမှုတွေရဲ့ သားကောင်အဖြစ်ငါ့

ဖန်တီးမှုတွေရဲ့သားကောင်

မင်းတို့ဖန်တီးတဲ့ လုပ်ကြံဇာတ်လမ်းတွေ

ဇာတ်ကွက်လေးတွေတော့ လှပါရဲ့

ဇာတ်အိမ်လေးတွေလည်း ခိုင်သလိုထင်ရပါတယ် ..

ဒါပေမယ့် ....

ဟာကွက်တွေကိုရှာတတ်တဲ့ငါ့အတွက်တော့

မင်းဇာတ်လမ်းတောင်မဆုံးခင်မှာ

အဆုံးရဲ့ဇာတ်သိမ်းအထိကြိုမြင် ..

မင်းဖန်တီးထားတဲ့လုပ်ကြံမှုတွေကို သိနေတယ်ဆိုရင် ..

ထားပါတော့ ...

ဘာကိုမှမပြောလိုတော့ပါဘူး ...

သိမြင်နေတဲ့ ငါ့အတွေးကပဲ

အမှောင်တွေဖုံးနေတယ်ထားပါ ..

မပီပြင်ဝိုးတ၀ါးနဲ့ ဆက်မလျှောက်ချင်တော့တဲ့လမ်းမှာ

အကြောင်းတွေအမျိုးမျိုးနဲ့

ငါ့ခြေလှမ်းတွေ ရွက်လွှင့်ရတော့မယ် .....