လာရောက်ဖတ်ရှူသူများအချစ်များနှင့်ပြီးပြည့်စုံပါစေအောင်သူကစုတောင်းပေးလျှက်ချစ်တဲ့သူနဲ့ညားပါစေ
Wednesday, August 31, 2016
♥ချစ်သူအတွက်…ဒီရင်ထဲက…ကဗျာ♥ ငါ့တို့ မတွေ့ဆုံတဲ့ နေ့ရက်မှာ တိမ်တိုက်များ ဟာ လရောင်လဲ့လဲ့ထဲ ဖြတ်သန်းသွားကြတယ်……။ ။ မင်းလည်း ငါ့ဆီမရောက်ခဲ့ ငါ့လည်း မင်းဆီမလာဝံ့ခဲ့လို့ ဖြစ်မှာပါ မြစ်ရေစီးသံတို့ ခြောက်သွေ့လွန်း ဒီလို့ စဉ်းစားတွေးခေါ်ခဲ့ရ ချစ်သူတို့ရဲ့ ကန္တရလွင်ပြင် ဟိုးဝေးဝေးကို ငေးကြည့်လိုက်တိုင်း ပေါင်းဆုံမယ့်လို့ ထင်ခဲ့ရတဲ့ ရထားသံလမ်းလေးတွေဟာ ဘယ်တုန်းကမှာ မပေါင်းဆုံခဲ့ပါဘူး သူရင်ဘတ် ကိုင်းကျွန်းလယ်ယာမြေမှာ ရောင်စုံပန်းတို့ ပွင့်ဝေခဲ့ကြပေါ့…။ ။ ညနေရီ…………… ခရောင်ကောင်းကင်လမ်း အိပ်တန်းပြန်ငှက် ပျံသန်းခဲ့ပုံ ကျွန်တော် ကဗျာတစ်ပုဒ်ကို သူ သတိမရနိုင်တော့ပါ……။ ။ တကယ်တမ်း တွေးတော့လည်း သိသိသားသားလေး…… အလှမ်းဝေး နေဆဲပါပဲလေ……… မြက်ရိုင်းတောလေးဆိုပေ့မယ့် မင်း အတွက်ဆိုရင် ပန်းဥယျာဉ်လေးပဲ ဖြစ်ချင်နေခဲ့တာပါ…။ ။ ဆန္ဒတွေဟာ ဆန္ဒပါပဲ…… အချိန်ကာလတွေကသာ အချစ်ကို ရူးမိုက်မှုအဖြစ် တန်းဖိုးဖြတ်ခဲ့ပေါ့……။ ။ အဲဒီလို့နဲ့ပဲ…… မျှော်လင့်ချက်တွေဟာလည်း ဒုက္ခိတ တစ်ယောက်လို့ ကိုယ်လက်အင်္ဂါ မစုံလင်ခဲ့ရရှာဘူး……။ ။ ချစ်သူအတွက် ဒီရင်ထဲက…… ကဗျာများကိုလည်း သူ နှလုံးသားမှာ သူစိမ်းဆန်ခဲ့တာ ကြာလှပေါ့……။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment