လာရောက်ဖတ်ရှုသူ

     

Wednesday, August 31, 2016

♡ အလွမ်း သတင်း ♡ (၁)..... အချိန်တွေရဲ့ အဆုံးသတ်မှုဟာ နောက်ဆုံးတော့လည်း နှုတ်ဆက်ခြင်းနဲ့ ကျနော်နံဘေးနားက ထွက်ခွာသွားခဲ့ ဒီနှလုံးသားထဲမှာ ကောင်မလေးဆိုတာ ကမ္ဘာကြီးတစ်ဖက်ခြမ်းမှာ နေထိုင်လို့ ပျော်ရွှင်မှုတစ်ခုတည်းနဲ့ သတိရခြင်းဟာ ကင်းမဲ့နေပြီးလားကွယ်... (၂)..... ကြယ်တွေ ကြွေလွှင့်ခြင်းများစွာနဲ့ အထီးကျန် ညတစ်ညမှာ ငါ့ ဆုတောင်းမှားခဲ့ရ..... အိပ်မက်တွေ ပျက်လွှင့်ခြင်းများစွာနဲ့ မွန်ကျပ်မှု သန်ခေါင်ယံမှာ ငါ့ အနာဂတ်လမ်း ပျောက်ရှခဲ့ရ..... အလွမ်းတွေ တနင့်တပိုးနဲ့ မင်း ပြန်လာမှာပါလို့ အဖြေသိမ့်နေရတဲ့ မျှော်လင့်ချက်များစွာ နွမ်းလျခဲ့ရ..... ငါ့.....မြတ်နိုးတဲ့ ဒုတိယ မိန်းကလေးဆိုတာ မင်း တစ်ယောက်တည်းကိုပါကွယ်...... (၃)..... ခရီးအဆုံးထိ လှမ်းလိုက်တော့ မင်းရည်မှန်းထားတဲ့ ပညာရေးပန်းတိုင်းဆီ ရည်ရွယ်ချက်တွေ တတ်မြောက်ခဲ့ရင် သူစိမ်းတစ်ယောက်လို့ မနေနဲ့ပေါ့ ငါ့ ရင်ဖွင့်စကားတွေ မျိုသိပ်လိုက်မယ်..... (၄)..... ပင်လယ်ပြင်ဟာ ကျယ်လွန်းသလား ကောင်းကင်ဟာ မြင့်လွန်းသလား ဘဝတွေဟာ မရေရာ ဘာမှာ မသေချာတဲ့ ငါ့ကတော့ မင်းကို မျှော်လင့်လျက် ရှင်သန်နေသူတစ်ဦးပါ.... (၅)..... ချစ်ရသူလေး အလွမ်းဆိုတဲ့ ဆန္ဒတစ်စုံနဲ့ ပစ္စုပ္ပန်အချိန်များကို ငါ့ဟာ ဥပက္ခာပြုခဲ့တာ မင်းမှာ မသိပါဘူး တစ်လောကလုံး မေ့လျော့နေတဲ့အထိ..... (၆)..... ပျောက်ဆုံးနေဆဲ အနာဂတ်တစ်ချို့ ပျောက်ရှသွားတဲ့ မင်းခြေလှမ်းများကို အပြန်လမ်းက စောင့်လို့တော့ကြိုနေမယ် ငါ့ချစ်ခြင်းများ တစ်ပွေ့တစ်ပိုက်နဲ့ပေါ့..... (၇)..... အလွမ်းတိုင်း နေ့ရက်များ မိန်းကလေး ငဲ့ကြည့်လိုက်အုံး ငါ့ကို ဖြေသိမ့်လိုက်ပါ သတိတရရှိနေတယ်ဆိုတဲ့ စကားတစ်ခွန်း ငါ့ကို တွေ့ဆုံခွင့်ပေးပါ အနီးစပ်ဆုံး နှလုံးသားနှစ်ခု ပေါင်းဆည်းဖို့ မင်း မေ့ပစ်လိုက်တဲ့ နေ့တစ်နေ အသည်းကွဲငါ့ နုံ့ချာခဲ့တယ်..... (၈)..... တယုတယနဲ့ လွဲမှားချက်များ အနက်ရှိုင်းဆုံး ဇစ်မြစ်တစ်ခု ရှာဖွေနေ ခွင့်လွှတ်မှုတွေဟာ အဆုံးသတ်မှာ မိန်းကလေးရေ..... မင်းနဲ့ငါ့ ဇတ်လမ်းတစ်ပုဒ်ကို ကြေကွဲစရာဖြစ်အောင် ငါ့ ဇတ်ညွှန်း မရေးတတ် မင်းနဲ့ငါ့ ဝေးကွာရခြင်းကို ကဗျာတစ်ပုဒ်ဖြစ်အောင် ငါ့ ကာရံညီဖို့ မဖွဲ့တတ် ဒါပေ့မယ့်..... မိန်းကလေးရေ မင်းကိုတော့ ငါ့ ရင်နှင့်အောင် ချစ်တတ်ခဲ့တယ်..... (၉)..... ဘယ်လို့ပဲ ဖြစ်ဖြစ်ပေါ့လေ ငါ့တို့ ဝေးခဲ့ကြပြီး..... ကမ္ဘာကြီးထဲမှာ... တစ်ယောက် တစ်နေရာဆီ နေထိုင်ခဲ့ကြ မင်းလည်း ငါ့သိအောင် လွမ်းတတ်မှာမဟုတ် ငါ့လည်း မင်းသိအောင် အရှုံးသမားဖြစ်မှာ မဟုတ်တော့ တို့နှစ်ယောက် ဒီတစ်ခါ ဆောင်းရောက်ရင် သွေးအေးအေးနဲ့ မေ့ပစ်လိုက်ကြမယ်..... (၁၀)..... လွမ်း သတင်း လွမ်းရင်း ကြေငြာ လွမ်းလွန်းလို့ ရေးဖွဲ့ လွမ်းနေသူ မျက်ရည်ဝဲ လွမ်းရေးထက် ဝမ်းရေးခက်သတဲ့ လွမ်းမိသောကဗျာမှာ အမုန်းမပါ လွမ်းကဗျာ နှလုံးသားထဲမှာ လွမ်းအရာ ရှင်ကွဲနှစ်ဦး လွမ်းမိလည်း ရင်ကွဲနာကျရ၏.....။   ။ (၁၁)..... မိန်းကလေးရေ အတိတ်ကို မေ့ပစ်ပြီး မင်းလျှောက်ရမယ့် အောင်မြင်မှုဆိုတဲ့ အိပ်မက်လမ်းမှာ ပျော်ရွှင်ပါစေကွယ်... အချိန်တိုင်း ချမ်းမြေ့ပါစေကွယ်..... ကြယ်တွေ ကြည့်ငေးမိတိုင်း သစ္စာတရားနဲ့အတူ ဆုတောင်းနေမိတယ်..... ဟော့..... ရင့်ကျက်မှုနဲ့ အလွမ်းညတစ်ည ကုန်ဆုံးသွားပြန်ပြီး..... အလွမ်းဆိုတာလည်း သေခြင်းတရား မရောက်သေးတဲ့အထိ ကျွန်တော် ဘဝမှာ သူမအတွက် အမြဲတမ်း ရှင်သန်နေတာပါ..

No comments:

Post a Comment