
လာရောက်ဖတ်ရှူသူများအချစ်များနှင့်ပြီးပြည့်စုံပါစေအောင်သူကစုတောင်းပေးလျှက်ချစ်တဲ့သူနဲ့ညားပါစေ
Wednesday, August 31, 2016
♥ ယောက်ျားတိုင်းကတော့ သင့်မျက်ရည်ကို သုတ်ပေးနိုင်မှာပါ ... ဒါပေမယ့် သင့်ကို ရယ်မောအောင် လုပ်ပေးနိုင်တဲ့ ယောက်ျားကတော့ ရှားလိမ့်မယ် ... ♥ ယောက်ျားတိုင်း သင့်လက်လေးကို ဆုပ်ကိုင်နိုင်မှာပါ ... ဒါပေမယ့် သင့်ဖိနပ်ကြိုးလေးကို ငုံ့ချည်ပေးမယ့် ယောက်ျားကတော့ ရှားလိမ့်မယ် ... ♥ ယောက်ျားတိုင်း သင်နဲ့အတူရန်ပြိုင်ဖြစ်နိုင်တယ် ... ဒါပေမယ့် သင်အော်ငေါက်နေတာကို (ချစ်တဲ့စိတ်နဲ့) ခေါင်းငုံ့ခံနေမယ့် ယောက်ျားကတော့ ရှားလိမ့်မယ် ... ♥ သင့်အချစ်ကို လိုချင်တဲ့ယောက်ျား အများကြီး ရှိမှာပါ ... ဒါပေမယ့် အဲ့အချစ်ကို တန်ဖိုးထားမယ့် ယောက်ျားကတော့ ရှားလိမ့်မယ် ... ♥ သင့်ကို ပြည်စုံအောင်ထားနိုင်ပါတယ်ဆိုတဲ့ ယောက်ျားအများကြီး ရှိမှာပါ.. ဒါပေမယ့် သင့်ကို စိတ်ချမ်းသာအောင် ထားနိုင်မယ့် ယောက်ျားကတော့ ရှားလိမ့်မယ် ... ♥ ယောက်ျားတိုင်းကတော့ သ၀န်တိုတတ်ကြမှာပါ ... ဒါပေမယ့် သင့်အပေါ် နားလည်မှုရှိတဲ့ ယောက်ျားကတော့ ရှားလိမ့်မယ် ... ツ ရှားပါတယ်ဆိုတဲ့ ယောက်ျားမျိုးကို သင့်ချစ်သူအဖြစ် ပိုင်ဆိုင်ထားပြီဆိုရင်တော့ သေချာပါတယ်.... သင်ဟာ အရမ်းကံကောင်းတဲ့ မိန်းကလေးတစ်ယောက်ပဲ!! ツ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment