လာရောက်ဖတ်ရှုသူ

     

Wednesday, August 31, 2016

အောင်သူ

အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ကွဲပြားခြားနားမှုတွေ ရှိတယ်ဆိုတာ မှန်ပါတယ်။ အထူးသဖြင့် ချစ်ခြင်းမေတ္တာကို ပြသကြရာမှာ အမျိုးသားတွေဟာ စကားနဲ့ မဟုတ်ဘဲ အပြုအမူနဲ့ ပြတတ်ကြပြီး အမျိုးသမီးတွေကနှုတ်ကနေ ဖွင့်ဟပြောဆိုတတ်ကြပါတယ်။ အမျိုးသားအများစု ပြုလုပ်တတ်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ သူ့မှာ အနာဂတ်အစီအစဉ်တွေ သင့်အတွက် ရှိနေပါတယ်။ ၂။ တခြားဇိမ်ခံပစ္စည်းတွေနဲ့ အပန်းဖြေစရာ နေရာတွေအတွက် ငွေမသုံးတော့ဘဲ သင့်အတွက်ပဲ အထူးလိုအပ်တာတွေ ဖြည့်စွက် ၀ယ်ပေးပါတယ်။ ၃။ ညစာ စားပြီးတာနဲ့ တီဗီကြည့်ဖို့ ထမင်းစားခန်းထဲက တစ်ယောက်တည်း ထွက်မသွားဘဲ သင်နဲ့အတူ သိမ်းဆည်းပေးပြီး ပန်းကန်ခွက်ယောက်တွေ ဆေးကြောပေးပါတယ်။ ၄။ သင် အလိုမတူတဲ့ ကိစ္စတွေအတွက် ဖိအားမပေးဘဲ နားလည်ပေးပါတယ်။ ၅။ သူ အသုံးပြုတဲ့ I T ပစ္စည်းတွေမှာ ဘာ Password မှ မထားဘဲ သင်ယူသုံးနိုင်လောက်အောင် လျှို့ဝှက်ချက် ကင်းပါတယ်။ ၆။ ဘာပဲလုပ်လုပ် သင့်ကို ခွင့်တောင်းပါတယ်။ ၇။ သင် စိတ်လေးနေရင်လည်း သေချာနားလည်အောင် ဖျောင်းဖျပြီး အကြံတစ်ခုခု ပေးတယ်။ ၈။ ဈေးဘက်လမ်းကြုံရင် သင်ကြိုက်တတ်တာလေးတွေ ၀ယ်လာတတ်တယ်။ ၉။ သူ့မျက်လုံးထဲမှာ သင့်အမူအရာတွေက ချစ်စရာ ကောင်းနေတတ်တယ်။ ၁၀။ သူ့ဘက်က မနှစ်သက်တဲ့သူနဲ့ သင် ပတ်သက်နေရင်တောင် နားလည်မှု ပေးတတ်တယ်။ ၁၁။ သင်က သူ့ကို စိတ်မချဘူးလို့ ပြောချိန်တိုင်း တခြားကိစ္စတွေကိုပါ ခါးခါးသီးသီး ဖျက်ပစ်လိုက်တယ်။ ၁၂။ သင်နဲ့အတူရှိချိန်တိုင်း ထွေးပွေ့ထားတတ်တယ်။ ၁၃။ အတူရှိချိန်တိုင်း အနမ်းတွေ ပေးတတ်တယ်။ ၁၄။ သင်တို့ရဲ့ အတူနေထိုင်မှုဟာ ချစ်ခြင်းမေတ္တာကို အခြေခံတယ်။ ၁၅။ အချိန်ပိုအလုပ်တွေ လုပ်နေရရင် သူနဲ့ မတွေ့ရသေးတာကြောင့် ၀မ်းနည်းနေတတ်တယ်။ ၁၆။ ဘာအထိမ်းအမှတ်နေ့မှ မဟုတ်ရင်တောင် “မင်းကိုချစ်တယ်”ဆိုတဲ့စကားကို ပြောလေ့ရှိတယ်။ ၁၇။ သူ ဘာတွေပဲလုပ်လုပ် သင့်အတွက်သာ ဖြစ်တယ်။ ၁၈။ သင်ဟာ ဘယ်တော့မှ အထီးကျန်တယ်လို့ မခံစားရဘဲ သင့်အနားမှာ သူ့နှလုံးသား အမြဲရှိတယ်လို့ ခံစားမိတယ်။ ၁၉။ သင်က အနှောင့်အယှက်ပေးရင်တောင် ဘာကြောင့်လဲဆိုတာကို ဂရုစိုက်ပေးတတ်တယ်။ ၂၀။ သင် ဖုန်းခေါ်တာနဲ့ လွဲချော်သွားခဲ့ရင် ချက်ချင်း ပြန်ခေါ်တယ်။ ၂၁။ အတိတ်က သင့်မကောင်းကြောင်းတွေကို အတိတ်မှာသာ ထားတယ်။ ၂၂။ အလုပ်ကိစ္စနဲ့ ခရီးထွက်ရရင်တောင် သင့်ကို အပါခေါ်ဖို့ ကြိုးစားတယ်။ ၂၃။ သင် ပြောသမျှကို သတိတရ ရှိနေတတ်တယ်။ ၂၄။ သူ့ထက် သင်ဟာ ဘယ်လောက်ပဲပိုပြီး လှနေပါစေ၊ သဘောကျနေတတ်တယ်။ ၂၅။ အိမ်သန့်ရှင်းရေးလုပ်ဖို့ ဘယ်တော့မှ ဖိအားမပေးဘူး။ သူကတောင် ပိုပြီး ၀ိုင်းကူပေးတယ်။ ၂၆။ သင် နာမကျန်းဖြစ်နေရင် သင့်ဘေးမှာပဲ အမြဲနေတတ်တယ်။ ၂၇။ အန္တရာယ်တစ်ခုခုကြုံတိုင်း သင့်ကို ကာကွယ်ပေးဖို့သာ စိတ်ထဲရှိတယ်။ ၂၈။ သင် ဘာမှလိမ်းခြယ်မထားရင်တောင် လှနေတာပဲလို့ ထင်နေတတ်တယ်။ ၂၉။ တစ်ယောက်ကို တစ်ယောက်ချစ်တဲ့ အကြောင်းပြောချိန် ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျတတ်တယ်။ ၃၀။ တခြားယောက်ျားတစ်ယောက်အကြောင်း ပြောတိုင်း သ၀န်တိုတတ်တယ်။ ၃၁။ သင်တို့နှစ်ယောက် စကားများ ရန်ဖြစ်တိုင်း ပထမဆုံး အလျှော့ပေး တောင်းပန်တတ်သူဟာ သူပဲ။ ၃၂။ သူ့ရင်ဘတ်ပေါ်မှာ သင့်ကို အိပ်စက်စေတယ်။ ၃၃။ သူ့လုပ်ငန်းအကြောင်းအားလုံး သင့်ကို အပြည့်အစုံ ပြောပြလေ့ရှိတယ်။ ၃၄။ သင် တစ်ခုခုမှားယွင်းတိုင်း ကြိုးစားပြီး အကောင်းဘက်ကို ညွှန်ပြ ပေးတယ်။ ၃၅။ သူ့အပန်းဖြေအားလပ်ချိန်တွေလည်း သင်နဲ့အတူပဲ သွားဖို့ စီစဉ် တယ်။ ၃၆။ သင့်အတွက် အဖိုးတန်ပန်းလေးတွေ သူ ယူလာတတ်တယ်။ ၃၇။ သူ့အပေါင်းအသင်းတွေရှေ့မှာလည်း သင့်ကို ဘယ်လောက်တန်ဖိုးထားကြောင်း ပြောလေ့ရှိတယ်။ သင့်ပုံက သူ့ဖုန်းထဲက Screen ပေါ်မှာ တင်ထားတတ်တယ်။ ၃၉။ သူ နေမကောင်းရင်တောင် သင့်ကို အဖျားကူးမှာ ကြောက်တတ်တယ်။ ၄၀။ သင့်အကြိုက်ဆုံးသီချင်းနဲ့ ဇာတ်လမ်းတွေကို သတိရနေတတ်တယ်။ ၄၁။ သူ ပေးထားတဲ့ချစ်စနိုးနာမည်လေးကို သုံးပြီး ခေါ်တတ်တယ်။ ၄၂။ ဘာပြဿနာပဲဖြစ်ပါစေ၊ သင့်ဘက်က သူရပ်တည်ပေးတယ်။ ၄၃။ တစ်ယောက်ယောက်က သင့်ကို ရိုင်းပျစွာ ဆက်ဆံရင် သင့်ရှေ့က သူ ဖြေရှင်းပေးတယ်။ ၄၄။ ဈေးဝယ်ထွက်ရင် သင်ဝယ်မယ့်ပစ္စည်းတွေကို သူက ပိုပြီး စေ့စေ့စပ်စပ် ကြည့်ပေးတယ်။ ၄၅။ သင် ၀ယ်မယ့် အ၀တ်အစားတွေ အတွက် သူက ပိုပြီး စိတ်ဝင်စားစွာ ရှာဖွေပေးတယ်။ ၄၆။ ပျော်ပွဲသဘင်တွေကို စိတ်မ၀င်စားပေမယ့် သင်သွားချင်ရင် ၀မ်းပန်းတသာ လိုက်ပို့ပေးတယ်။ ၄၇။ သင်ကြိုက်နှစ်သက်တဲ့ ပစ္စည်းလေးတွေ ကို အံ့အားသင့်သွားစေဖို့ လက်ဆောင်ပေးတတ်တယ်။ ၄၈။ ပျော်ရွှင်စရာ ကြုံတိုင်း မျှဝေခံစားတတ်တယ်။ ၄၉။ အိပ်ချိန်နောက်ကျပြီး ကျန်းမာရေး ထိခိုက်မှာကို အမြဲစိုးရိမ်တတ်တယ်။ ၅၀။ လူကြားထဲမှာ သင့်လက်ကို အမြဲတွဲထားတတ်တယ်။ ၅၁။ သင့်လက်ကိုင်အိတ်နဲ့ ပိုက်ဆံအိတ်တွေကို အမြဲ ကူကိုင်ပေးတတ်တယ်။ ၅၂။ သင့်ခန္ဓာကိုယ်အလေးချိန်တက်တာနဲ့ ပတ်သက်ပြီး ပြဿနာ မရှာတတ်ဘူး။ ၅၃။ ချိန်းထားတဲ့အချိန် နောက်ကျပြီးမှ သင်ရောက်လာရင် သူက ပြုံးပြီး ကြည့်နေတတ်တယ်။ ၅၄။ သင့်ကို စူးရှကျယ်လောက်စွာနဲ့ ဒေါသတကြီး ဘယ်တော့မှ မပြောဘူး။ ၅၅။ စိတ်ဆိုးပြီး စကားများရင်တောင် လက်နဲ့ မရွယ်တတ်ဘူး။ ၅၆။ သင့်ကို ပြည့်စုံစေချင်တဲ့စိတ် အမြဲရှိနေတတ်တယ်။ ၅၇။ သူ့သူငယ်ချင်းတွေနဲ့ သွားတွေ့တိုင်း သင့်ကိုပါ ခေါ်သွားတတ်တယ်။ ၅၈။ သင်မေးတဲ့အကြောင်းအရာတွေကို အမြဲတမ်း စိတ်ရှည်စွာ ဖြေကြားလေ့ရှိတယ်။ ၅၉။ သူ့မိန်းကလေးမိတ်ဆွေတွေရှိရင်လည်း သင့်အကြောင်း အမြဲ ပြောပြတတ်တယ်။ ၆၀။ နှစ်ယောက်အတူ ကစားပွဲလေးတွေလုပ်ရင်လည်း သင့်အတွက် အနိုင်ရမယ့် နည်းလမ်းတွေ ပြောပြပေးတတ်တယ်။ ၆၁။ သူ သင့်ကို ပေးထားတဲ့ ကတိတစ်ခုခုအတွက် အမြဲကြိုးစားနေ တတ်တယ်။ ၆၂။ သူငယ်ချင်းတွေနဲ့ အပြင်သွားလို့ သင်မပါရင်တောင် သင့်အတွက် မုန့်တချို့ ပါဆယ်ထုပ်လာတတ်တယ်။ ၆၃။ သင်သိမှာကြောက်တဲ့မိတ်ဆွေကြောင့် ဖုန်းကို ဆိုင်းလန့်(Silent) လုပ်ထားတာမျိုး မရှိဘူး။ ၆၄။ သူ့အတွက် သင်ချက်ထားတာတွေကို အကုန်စားတတ်တယ်။ ၆၅။ ညနေဘက်တွေမှာ သင်နဲ့အတူအချိန် ဖြုန်းရတာကို သူက ပျော် နေတတ်တယ်။ ၆၆။ လက်ထပ်လက်စွပ်ကို ဘယ်တော့မှ မချွတ်ဘူး။ ၆၇။ ကိုယ်ကျိုးအတွက် သင့်ကို အသုံးမချတတ်ဘူး။ ၆၈။ သင် ၀တ်တဲ့ဝတ်စုံက မလှရင်တောင် ရှုတ်ချပြီး မပြောဘူး။ အကြံပေးတတ်တယ်။ ၆၉။ သင့်မွေးနေ့ကို ဘယ်တော့မှ မမေ့တတ်ဘူး။ ၇၀။ သင်တို့နှစ်ယောက် နှစ်ပတ်လည်နေ့ကို ဘယ်တော့မှ မမေ့ တတ်ဘူး။ ၇၁။ သင်က သ၀န်တိုမှုတွေရှိနေရင် အချိန်ယူပြီး နားလည်အောင် ရှင်းပြပေးတတ်တယ်။ ၇၂။ သင်တို့ကြားက ငြင်းခုံမှုတွေမှာ သူ့ဘက်က မှန်နေရင်တောင် သင့်ကို အလျှော့ပေးလိုက်တယ်။ ၇၃။ သင့်နေရာမှာအစားထိုးရမယ့်သူမရှိတော့ဘူးလို့ ပြောတတ်တယ်။ ၇၄။ သင့်အလုပ်မှာ ရာထူးတိုးရင် သင့်ထက် သူက ပိုပြီးပျော်ရွှင်နေတတ်တယ်။ ၇၅။ ပျော်ပွဲရွှင်ပွဲနေ့လေးတွေမှာ လက်ဆောင်ပေးဖို့ သင့်အတွက် ၀ယ်လေ့ရှိတယ်။ ၇၆။ သင် မကြိုက်တာတွေကို သူ ဘယ်တော့မှ မပြောတတ်ဘူး။ မှတ်ထားတတ်တယ်။ ၇၇။ သင့်ခံစားချက်ကို သူ့ခံစားချက်ထက် ပိုပြီးဦးစားပေး၊ နားလည်တယ်။ ၇၈။ သင့်ခံစားချက်တွေကို မျှဝေခံစားပေးတတ်တယ်။ ၇၉။ သင့်မိသားစုနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ ကြိုးစားနေတတ်တယ်။ ၈၀။ သူရဲ့နေ့ရက်တွေတိုင်းရဲ့ အားလပ်ရက်နဲ့ ပိတ်ရက်တွေဟာ သင့်အပေါ် မူတည်နေတယ်။ ၈၁။ သူခေါ်တဲ့ဖုန်းနဲ့လွဲသွားရင်တောင် သင့်ကို စိတ်မဆိုးဘဲ စိတ်ပူတတ်တယ်။ ၈၂။ သူ့မိခင်က သင့်ကို မကြိုက်ရင်လည်း နားလည်အောင် ကြိုးစားဆောင်ရွက်တယ်။ ၈၃။ သူ့မိခင်က သင့်ကို ရိုင်းပျစွာပြောရင်တောင် သင့်နားကို မရောက်အောင် မပြောဘဲ ထားတတ်တယ်။ ၈၄။ သင်ကြိုက်တဲ့အရာတွေကို ဘယ်မှာပဲ တွေ့တွေ့ တတ်နိုင်သလောက် စုဆောင်းတတ်တယ်။ ၈၅။ သင်က မိန်းကလေးသူငယ်ချင်းနဲ့ အပြင်သွားဖို့ချိန်းထားတာကို ဖျက် ရင်တောင် နားလည်ပေးတယ်။ ၈၆။ အိပ်ရာဝင်ဖို့ အမြဲပွေ့ချီပြီး ခေါ်တတ်တယ်။ ၈၇။ အိပ်ရာဝင်ချိန်နဲ့အိပ်ရာနိုးချိန်တွေမှာ သင့်ကို နမ်းတတ်တယ်။ ၈၈။ ပျော်ရွှင်စရာ ဘယ်ကိစ္စတွေမဆို သင့်ကို သိစေချင်တယ်။ ၈၉။ သူခိုင်းတဲ့ကိစ္စတွေ လွဲချော်မှားယွင်းသွား ရင်လည်း အပြစ်မတင်ဘဲ မေ့ထားဖို့ ပြောတတ်တယ်။ ၉၀။ Facebook ပေါ်က သူ့ခင်မင်မှုတွေကို သင့်ကို ပေးသိတတ်တယ်။ သူ့အကောင့်မှာ သင့်ကိုချစ်ကြောင်း Comment တင်လေ့ရှိတယ်။ ၉၁။ သူ့အကောင့်ရဲ့ မက်ဆေ့ခ်ျတွေ သင် အကုန်သိတယ်။ ၉၂။ သင့်ကို ဘယ်အကြောင်းနဲ့မှ မျက်ရည် မကျစေဘူး။ သူသာ သင့် အတွက် ငိုရင်ငို လိမ့်မယ်။ ၉၃။ ပျော်ပွဲရွှင်ပွဲတွေကို သင်မပါဘဲနဲ့ ဘယ်တော့မှ မသွားဘူး။ ၉၄။ သင် ဘေးမှာရှိနေလျက်နဲ့ သတိမေ့လောက်အောင် သောက်စားမူးရစ် မနေဘူး။ ၉၅။ သင့်အပေါ်အမြဲတမ်းယုံကြည် စိတ်ချနေတတ်တယ်။ ၉၆။ သင်နဲ့အတူ လုပ်ငန်းကိစ္စလေးတွေ တိုင်ပင်ပြီး အသိပေးတတ်တယ်။ ၉၇။ သူ့အလုပ်ကိစ္စတွေကို မေးတိုင်း စပ်စုတယ်လို့ ဘယ်တော့မှ အပြစ် မတင်တတ်ဘူး။ ၉၈။ သူ့ဘ၀အတွက် ၀မ်းသာစရာကိစ္စတစ်ခုကို အရင်ဆုံး သိစေချင်တဲ့သူက သင်ပဲ။ ၉၉။ အချစ်၊ ယုံကြည်မှုနဲ့ စိတ်ရှည်ခွင့်လွှတ်မှုတွေ သူ့မှာ အမြဲရှိတတ်တယ်။ ၁၀၀။ ဘယ်ကိုပဲသွားပါစေ၊ ခြံထဲကို ခဏ ဆင်းရင်တောင် သင့်ကိုပြောပြီး ခွင့်တောင်းတတ်တယ်။ ကဲ…သင့်မှာ ဒီလိုချစ်တတ်တဲ့ ချစ်သူတစ်ယောက်ရှိနေပြီလား။ ဒါဆိုရင်တော့ သင်ဟာ အချစ်ကံကောင်းသူလို့ ပြောရမှာပါ။

No comments:

Post a Comment