လာရောက်ဖတ်ရှုသူ

     

Tuesday, September 6, 2016

အချစ်ဆိုတာဘာလည်း?

အချစ်ဆိုတာ ဘာလဲ
လောကကြီးကို မေးချင်တယ်
ပြောင်းလဲခြင်းက အချစ်လား
သစ္စာမဲ့ခြင်းက အချစ်လား
ဟန်ဆောင်ခြင်းက အချစ်လား
ဦးပေက္ခာပြုခြင်းက အချစ်လား
သေချာတာကတော့
လူတွေ ပြောင်းလဲတတ်ကြတယ်
လူတွေ သစ္စာမဲ့ကြတယ်
လူတွေ ဟန်ဆောင်နေကြတယ်
လူတွေ ဦးပေက္ခာပြုကြတယ်
အဲ့ထဲမှာ နင်လည်းပဲ အပါအဝင်ပေါ့
အသဲကွဲတာ အချစ်လား
ဝမ်းနည်းပူဆွေးတာ အချစ်လား
အထီးကျန်တာ အချစ်လား
နာကျင်တာ အချစ်လား
ခံစားရတာ အချစ်လား
အဲ့အထဲမှာ ငါလည်းပဲ ပါဝင်နေခဲ့တယ်
တို့နှစ်ယောက်က မတူညီကြဘူး
ငါ့အမှားလား နင့်အမှားလား
မသိတော့ဘူးဟာ
အချစ်က ဘာလဲ
အခု ငါ့ရင်ထဲမှာ ဖြစ်ပျက်နေသမျှဟာ
အချစ်လား
ဒါဆိုငါ အချစ်ဆိုတာကြီးကို
အရမ်းပဲ မုန်းတယ်ဟာ
ဖြစ်နိုင်ရင် နင်လည်းပဲ
ငါ့လို ခံစားချက်မျိုး ရှိစေချင်တယ်
ဒါပေမဲ့ နင်မဟုတ်တဲ့
ငါကတော့ နင်နဲ့မတူသလိုပါပဲ
အရမ်းပဲ ရူးနေမိတယ့့် ။ ᠌᠌᠌

                  * *

နင့် နင့်

နင် ငါနဲ့ ပတ်သက်ပြီး စိတ်ပူဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး သဝန်တိုဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး ဂရုစိုက်ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး အရေးပေးဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး နားလည်ခဲ့ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး သည်းခံခဲ့ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး ယုံကြည်ခဲ့ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး ခွင့်လွှတ်ခဲ့ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး အနားမှာ နေပေးခဲ့ဘူးလား

နင့်ပါးစပ်က ချစ်တယ်ချစ်တယ်သာ ပြောခဲ့ဖူးတာ

နင် ငါ့ကို ဦးပေက္ခာပြုထားတယ်လေ

နင် ငါ့အတွက် အချိန်လေးတောင် မပေးဘဲနဲ့

ငါ့ကို ချစ်တယ်ဆိုတာ ငါဘယ်လို ယုံကြည်ပေးရမှာလဲ

ငါ့ဘက်ကသာ နင့်အတွက် စိတ်ပူလိုက်ရ/
သဝန်တိုလိုက်ရ/ဂရုစိုက်လိုက်ရ/အရေးပေးလိုက်ရ/
နားလည်ပေးလိုက်ရ/သည်းခံပေးလိုက်ရ/
ယုံကြည်ပေးလိုက်ရ/ခွင့်လွှတ်ပေးလိုက်ရ/အနားမှာ နေပြီး အရမ်း ချစ်ပြလလိုက်ရနဲ့
နင့်ဘက်ကတော့ အေးတိအေးစက်နိုင်လွန်းတယ်

ငါတန်ဖိုးထားသလောက် နင်တန်ဖိုးမထားဘူးဟာ

ငါငိုချင်တယ် သိလား

ငါ့နေရာကို ခဏလောက်ဖြစ်ဖြစ် ဝင်ကြည့်လှည့်ပါဟာ

ငါဘယ်လို ခံစားနေရမလဲ နင်သိအောင်လို့

တခြားအတွဲတွေလို ငါလိုချင်တာပေါ့ဟာ
မိမိချစ်သူဆီကနေ ယုယမှုများကို
ဒါပေမဲ့ နင်မပေးခဲ့ဘူး

ငါဘယ်လိုလုပ်ရမလဲ

ငါတို့နှစ်ယောက် ဘယ်လိုရှေ့ဆက်ကြမလဲ

ငါလည်း နင့်လို နေရမှာလား

ဒါတော့ မဖြစ်နိုင်ဘူးထင်တယ်

ငါပျော်ချင်တယ် ငါအမြဲတမ်းပြုံးချင်တယ်

နင်ဘာလုပ်မှာလဲ ပြောဟာ

နင်နဲ့ငါက ဒီလိုကြီးပဲဆိုရင် ငါရှေ့ဆက်မြင်ယောင်မိသေးတယ်ဟာ

ငါဘာမှ မသိတော့ဘူး

ငါဘာမှ မစဉ်းစားတတ်တော့ဘူးဟာ့

ငါရင့်ခွင့်ကို

နင်ဝင်လာခဲ့တယ် ငါ့ရင်ခွင်ကိုလေ
ဒါပေမဲ့ နင်ပြန်ထွက်သွားခဲ့တယ် ဟိုအဝေးကိုယ်

နင်ပြန်မလာခဲ့ပါဘူး
သို့သော်လည်း ငါလွမ်းနေခဲ့တယ်

နင်မရှိတော့သည့်အခါ
နင့်အား စကားများ တစ်နေ့ထက်တစ်နေ့
ငါ့ရင်ခွင်ထဲ ရှုပ်ပွလာခဲ့သည်

နင်သိမလား နင့်ကြောင့်ငါ
ငိုနေခဲ့တယ် ကလေးလေးတစ်ယောက်လိုပေါ့

နင်ရော နေများကောင်းရဲ့လား
အဆင်ရောပြေရဲ့လား
ဘာတွေ လုပ်နေလဲ စိုးရိမ်မိတယ်

ငါဘယ်လောက်ပဲ နင့်အတွက် ပူပန်ပူပန်
တကယ်တမ်းတော့ ငါတို့က တစိမ်းပါ

ရင်းနှီးခဲ့ဖူးတဲ့အတိုင်းအတာအတွင်းလေးမှာပဲ
ငါ့နှလုံးသား နင့်ကြောင့် သေတယ်

ဘဝပေးအကျိုးကံလား
ဒါမှမဟုတ် နင့်ရဲ့ ယုတ်မာမှုလား
မခွဲခြားတတ်တော့ဘူးဟာ

အရင်လိုငါ မပျော်ဘူး
ငါ့အပြုံးတွေက အသက်မဲ့နေတယ်

နင်သာ အပန်းမကြီးရင် ငါ့ခံစားချက်နဲ့
တန်းတူနေရာ နေကြည့်ပါလား
နင် ရူးသွားနိုင်တယ်နော်

မျှော်လင့်ချက်တွေကြည်ပဲ
ငါမပိုင်ဆိုင်ခဲ့ဘူး

ပြီးဆုံးခဲ့ပေမဲ့
ငါ့အနာဂတ်ပါ ဖော်ဆောင်နေတယ်

စွန့်လွှတ်ချင်ပေမဲ့
လွယ်ကူတဲ့ ကိစ္စမှ မဟုတ်တာကိုယ်

အချစ်မှာသာ ဥပဒေရှိရင်
နင် ပုဒ်မ(-)နဲ့ ပြစ်ဒဏ်ခံစားနေရလောက်ပြီ

ဒါပေမဲ့ အဲ့သလို တန်ပြန်မှုမရှိတာ
အချစ်ပဲလေ

ငါ့နှလုံးသားစတေးခဲ့ရပေမဲ့
မက်မောမိသည့် ပြီးပြည့်စုံမှုလေးတော့
တောင်းတမိတာပေါ့

အသဲကွဲတာသာ
ဆေးရှိခဲ့မယ်ဆိုရင်
နင့်ကို တမ်းတနေမှာတော့ မဟုတ်ဘူး

ဒါပေမဲ့ ဖြေဆေးမရှိသည့်
အဆိပ်တစ်မျိုးပါ

နင်ပြန်လာခဲ့ရင်တောင်
စိတ်ထဲမှာ ခုနေအုံးမယ် ထင်ပါရဲ့။

           

လေတံခွန်မလေးသို့ပေးစာ

လေတံခွန်မလေးသို့

မိုးယံတိမ်စွန်
ထက်တခွင်ဝယ်
ကျင်လည်လှုပ်ရှား
မြူးပျော်ပါးဘို့
တွန်းအားညှိကာ
စောင့်ရှောက်ပါသည့်
မေတ္တာကြိုးစ
ကိုယ့်ဘဝကို
သူကငြိုငြင်
အပြစ်မြင်၍
ဆင်ခြင်နည်းစွာ
ရက်စက်ပါလည်း
ရင်ထဲနောင်တ
ဘယ်မရပြီ
ထက်ဝဠာမှာပျော်ပါစေ။
       ချစ်သောလေတံခွန်

Friday, September 2, 2016

ငါ့ဘဝငါ့ဘဝ

မင်းတို့မသိတဲ့ငါ့ဘဝ
မင်းတို့တွေကျောင်းတက်ပြီးပျော်နေချိန်မှာ
မပြေလည်တဲ့ငါ့မိဘတွေကိုတဖက်တလမ်းကကူညီနေ၇တယ်ဒီနှစ်ကျောင်းမှတက်၇မလားဆိုတဲ့စိတ်တွေနဲ့ပေါ့
8တန်းေ၇ာက်တော့စာတော်၇ဲ့သားနဲ့ကျောင်းထွက်လိုက်တဲ့ငါ့ကိုမင်းတို့ဝိုင်းပြီးအပြစ်တင်ကြတယ်ကျမ်းမာေ၇းမကောင်းတဲ့ဖခင်နဲ့အ၇ွယ်မေ၇ာက်သေးတဲ့ငါ့ညီငါ့ညီလေးတွေကိုပြုစုပျိုးထောင်ဖို့အားနည်းနေတဲ့ငါ့အမေကိုကူညီဖို့ငါ၇ှိမှဖြစ်မှာပေါ့
မင်းတို့တွေပျော်ကြမြူးကြနဲ့ပွဲတော်၇က်တွေမှာ
မင်းတို့နဲ့ငါမလိုက်ချင်တာမပာုတ်ပါဘူး
ငါ့ကိုအားထားပြီး၇ှင်သန်နေ၇တဲ့ငါ့ညီငါညီမလေးတွေ၇ဲ့အနာဂတ်ပာာငါတ၇က်လောက်ပျော်လိုက်တာနဲ့အဆင်မပြေဖြစ်သွားနိုင်တာကိုမင်းတိုမသိလို့ပါကွာတမိသားစုလုံး၇ုန်းကန်၇ှာဖွေတာတောင်မလောက်ငှနိုင်တဲ့ဒီခေတ်ာကြီးမှာမင်းတို့အလေးအနက်ထားတဲ့အချစ်ဆိုကိုငါစိတ်မ၀င်စားနိုင်တာစိတ်မဆိုးကြပါနဲ့ကွာ
တကယ်တော့ငါကလူငယ်ဘ၀ကိုမင်းတို့လို့ပျော်၇ွင်စွာဖြတ်သန်းချင်တာပါ ဒါပေမယ်ငါကမင်းတို့လိုပြည်စုံတဲ့ဘ၀မှာမပာုတ်ဘူးလေတကယ်ပါဒါပာာမင်းတို့မသိသေးတဲ့ငါ့ဘ၀ပါ.....ငါဟာတစ်ကယ်တော့အရာအားလုံးရဲ့အဖြည့်ခံပါ ပျော်ခြင်ပါတယ်အခုချိန်ထိတော့မပျော်ရပါဘူးငါဘဝ

သုံညဟာ သုံညပါပဲ

သုည

လောကဓံက ငါ့ဘ၀ကို အကြိမ်ကြိမ် ခုတ်ပိုင်းလဲ

ကြယ်ငါးတွေရဲ့လက်တံလို

ဘ၀အသစ်ကို အဖန်ဖန် ပြန်မွေးဖွား

အားလုံးနဲ့တသားတည်း ရှိနေမယ်...

သူများတန်ဖိုးတက်ဖို့

နောက်နားက အဖြည့်ခံ

ပေးဆပ်တဲ့ သုညအတွက်

နောက်ကောက်ကျစရာလဲမရှိ

ဖြစ်တည်မှု တန်ဖိုးသက်သက်နဲ့

သုညကို အပိုင်းပိုင်းခွဲလဲ

သုညဟာ သုညပဲမို့လေ..
.

ဖန်တီးမှုတွေရဲ့ သားကောင်အဖြစ်ငါ့

ဖန်တီးမှုတွေရဲ့သားကောင်

မင်းတို့ဖန်တီးတဲ့ လုပ်ကြံဇာတ်လမ်းတွေ

ဇာတ်ကွက်လေးတွေတော့ လှပါရဲ့

ဇာတ်အိမ်လေးတွေလည်း ခိုင်သလိုထင်ရပါတယ် ..

ဒါပေမယ့် ....

ဟာကွက်တွေကိုရှာတတ်တဲ့ငါ့အတွက်တော့

မင်းဇာတ်လမ်းတောင်မဆုံးခင်မှာ

အဆုံးရဲ့ဇာတ်သိမ်းအထိကြိုမြင် ..

မင်းဖန်တီးထားတဲ့လုပ်ကြံမှုတွေကို သိနေတယ်ဆိုရင် ..

ထားပါတော့ ...

ဘာကိုမှမပြောလိုတော့ပါဘူး ...

သိမြင်နေတဲ့ ငါ့အတွေးကပဲ

အမှောင်တွေဖုံးနေတယ်ထားပါ ..

မပီပြင်ဝိုးတ၀ါးနဲ့ ဆက်မလျှောက်ချင်တော့တဲ့လမ်းမှာ

အကြောင်းတွေအမျိုးမျိုးနဲ့

ငါ့ခြေလှမ်းတွေ ရွက်လွှင့်ရတော့မယ် .....

ပြောင်းလဲဖိုခက်

အစွဲလန်းကြီတဲငါအတွက်
အချစ်ကိုပြောင်းလဲဖို့ ရာ
အချိန်ဆိုတာ အသုံးမဝင်ပါဘူး
ငါ့ရင်ဘက်ထဲက နင့်အတွက်
တစ်စုံတရာ
ခိုင်မာသေချာ နေတုန်းပဲဆိုတာ
မင်းသိနိုင်ပါ့ မလား
      ချစ်သူ

ဥပေက္ခာအကျောင်း

ဘယ်လိုပဲ မရေမရာအတွေးတွေပဲဖြစ်ဖြစ်

ကျွန်တော့်ရင်ခွင်ထဲမှာ ဆန့်ကျင်ဘက်ဥပက္ခောအကြည့်တွေ

လက်ဝယ်မပိုက်ထားရသေးခင် အထိတော့
   . . .  

အတ္တအချစ်

အချစ်ဆိုတဲ့
လုံးလေးကနှစ်လုံးလေးပါ...
ချစ်မိသွားပြီဆိုရင်...ရုန်းထွက်ဖို့တော်တော်ခက်တယ်နော်...
ဒါပေမဲ့ ...
အချစ်မှာ..ချစ်သင့်တယ်...မချစ်သင့်ဘူးဆိုတာတော့...
မရှိလောက်ပါဘူးနော်.......
ချစ်မိသွားတဲ့ လူက..ချစ်သင်တဲ့လူလား..မချစ်သင့်တဲ့လူလား..ဆိုတာ...
ဒီနှလုံးသားက...သိမှမသိတာ....
ဟုတ်တယ်မလား...........
သူ့ကိုလည်း...အဲ့လိုပဲ ချစ်သွားတာ............
နှလုံးသားက..သူမှသူဖြစ်သွားတာ...မတတ်နိုင်တော့ဘူး
ချစ်သင့်တာ...မချစ်သင့်တာ..
မစဉ်စားချင်တော့ဘူး.....
ဘာပဲဖြစ်ဖြစ်....
သူ့ကိုချစ်တဲ့ အချစ်ကိုတော့ ပြန်မပေးနိုင်ဘူး....
တကိုယ်ကောင်းဆန်တယ်ပြောပြော.....
ချစ်တယ်...

ဒါပဲနော်

 ဟင်း...ဒါပဲနော်
 ခင်ယုံပါဆိုပြီး
ရင်ခုန်စရာတွေ
ဘာလို့တွေးနေတာလဲ
ရိုးရိုးလေးသိတယ်ဆိုပြီး
ခိုးခိုးပြီးကြည့်စရာမလိုဘူး
အခင်မပိုသေးရင်
အရင်လိုပဲဆက်ဆံပါ
တမင်ချဲ့ကာ မထိတထိပြုလာလို့
ရင်ထဲမှာကလိကလိခုလာရင်
 ရှေ့တိုးမလာနဲ့ မိန်းကလေး
အနမ်းမိုးတွေ တဖွဲဖွဲရွာမိလိမ့်မယ်
(ပေါက်တတ်ကရရေးတတ်သူ

Thursday, September 1, 2016

အသဲကွဲကဗျာ

ငါငိုနေတာ နင်မသိဘူး
ငါလွမ်းနေတာ နင်မသိဘူး

နင်မရှိတဲ့ ကမ္ဘာမှာလေ

အထီးကျန်အဖော်မဲ့ အတောင်ကျိုးတဲ့

ငှက်ငယ်အလား ဝေဟံမှာတောင်

မပျံနိင်ဘူး စိတ်အတွေးနဲ့

ကဗျာတွေဘဲ ရေးနေမိတယ်

နင့်ကိုလွမ်းလို့ ကြတဲ့မျက်ရည်

ငါမသုတ်ဘူး အချစ်စစ်လေ

ငါငိုတဲ့မျက်ရည် ပင်လယ်ပြင်တော့

မှီမယ်မထင်ဘူး ဒါပေမယ်လေ

ချစ်သူတွေက ဘာကြောင့်များကြောင့်

လမ်းခွဲကြတယ် ချစ်ခဲ့ကြတယ်

လွမ်းဆွေးမျှော်လင့် ရင်နင့်နင့်နဲ့

ငါချစ်ခဲ့တာပါ အွန်လိုင်းမှာတွေ

အပြင်မှာမတွေ့ သေးပေမယ့်

သစ္စာစကား ငါဖောက်ခဲ့လား

မကြင်ဘက်အတွက် နင့်ရက်စက်တာလည်း

ငါကိုယ်ငါလည်း မုန်းနေမိတယ်

စိတ်လည်းနာတယ် နင့်ကိုမေ့မရလို့လေ

နင်ပြောတဲ့စကား အချိန်ကကုစားမယ်တဲ့

မိုးပေါ်ကလမင်းဆီမှာ ထမင်းဆီစမ်း

ရွှေလင်ဘန်းနဲ့ တောင်းပေးပါမယ်

ကလေးငယ်လို့ ချော့မြူလို့ထား

ဒီစကားလို မလွယ်သေးဘူးဟာ

ငါကတော့ ချစ်မြဲချစ်လျှက်

လွမ်းမြဲလွမ်းလျှက်ပါဘဲ

အမှတ်မရှိတဲ့ အသည်းမို့

နှစ်ထပ်ရှိအောင် ခွဲအုံးမယ်ဆို

ရင်ခွင်တံခါး ဖွင့်ကားထားမယ်

လိုခြင်ယူသွား ငါနှလုံးသားကို

နင်ကိုယ်တိုင်မထုတ်ပါနဲ့နော်

နင်လက်လှလှလေးတွေ

သွေးပေသွားမှာ ဆိုးလို့ပါဟာ

ငါကိုယ်တိုင်ဘဲ ထုတ်ကာပေးမယ်

မြင်အောင်ဝင်ကြည့် စာနာသိစေ

နင့်ဘဝလေး ရေလိုအေးလို့

ပန်းလို့ထာဝရ မွှေးပါစေ

ဆုတောင်းကာခြွေရင်း ဒီဘဝဒီမျှ

ကံပေးတဲ့ဒဏ် မောင်ရင်ဆီးကာ

ခံလိုက်တော့မယ် ......




အောင်သူ

ဆုတောင်းပေးပါတယ်

ဘာမှန်းမသိပဲနဲ့
မင်းဘေးမှာ
ခုချိန်ထိနေပေးခဲ့တာ
ရင်ထဲမှာ အမြဲရှိနေခဲ့လို့ပါ...
မင်း မပျော်လို့
ထားသွားခဲ့ရင်လဲ
ကျေနပ်စွာနဲ့ပဲ
နေခဲ့ပေးပါ့မယ်....
တခုပါပဲ..
တနေ့မှာ
မင်း ငါ့လိုမျိုးမခံစားရပါစေနဲ့လို့
ဆုတောင်းပေးပါတယ်.....
                                  အောင်သူ

အမေ

ရင်၌ဖြစ်သောဆန္ဒတစ်ခု
⌛⌛⌛⌛⌛⌛⌛
မေတ္တာလေညှင်း
(အ)မေ့ရင်တွင်းက
ပန်းခင်းပမာ
ဆန်းသော်တာလို
ကြင်နာပိုက်ထွေး
နို့ချိုပေး၍
ကျွေးမွေးပြုစု
မေတ္တာထုကို
မတုနိုင်ဘူး
မြင့်မိုရ်ဦးမို့
ကျေးဇူးလှိုင်လှိုင်
သစ္စာတိုင်ကာ
ဆပ်နိုင်ပါစေ
ဆန္ဒချွေ၏.။
⏳⏳⏳⏳⏳⏳⏳⏳
သဲနွမ်းလိပ်ပြာ

အိမ့်မက်ရိုင်း တမ်းခြင်း

သိုဝှက်ခဲ့သော အိပ်မက်ရိုင်း
       =================

@ အပ္ပမာဒ ပန်းလေး ဖူးပွင့်ဖို့များကွါ
မာန ကို ခြေဆေးစရာ မလိုပါဘူး
အရောင်ပြယ် အဆိပ် တစ်ခွက်ကို မျိုချရုံနဲ့
ဘဝ ဟာ ညက်ညောပြီးသားပါ =======
  @လှည့်ကွက် အဆန်းတွေ သုံးပြီး
ယုံတမ်း ကစားတတ်တဲ့ မာယာ ကပွဲမှာ
ချော်လဲသွားတဲ့ အိပ်ပျက်ညတွေက
ညဥ့်နက်နက်မှာ သွေးထွက်နေပါရောလား =====
   @မှေးစက် မပျော်တဲ့ နာရီ တွေ ကြားမှာ
လူးလွန့် သွားလာနေတဲ့ အိပ်မက်ရထားကို
ခေါက်တုန့် ခေါက်ပြန် မောင်းနှင်ရင်း
အိပ်ယာဝင်မှာ တွန့်ကြေသွားတဲ့ အသိကို
ပြန်ပြန် စမ်းနေမိတယ် ======
   @ချုပ်ရိုး မကင်းတဲ့ ပဋိညာဉ် အောက်မှာ
ရင်ဘတ်ကို ခြေဆေးပစ်လိုက်တဲ့ အိပ်မက်မြို့ပြ
ဘဝ နဲ့တော့ သဟဇာတ မဖြစ်တာ သေချာတယ်==
   @ဝင်္ကပါ လမ်း အလွဲမှာ တွဲခိုနေတဲ့ မျက်ရည် စ
အိပ်ပျက် ည အလွန်က နာကျင်ခြင်း
ကွေကွင်းခြင်း တွေ ရှည်လျား လိုက်တာ =====

သင့်သိပါသလား

သင်သိပါသလား ¿¿¿¿
~~
သင်ကို တစ်စုံတစ်ယောက်က မလိုအပ်တော့ဘူးဆိုရင့်
စွန့်လွှတ်ပြတ်သားနိုင်အောင် ကြိုးစားပေးပါ့
အကယ်၍ သင့်ဟာ မပြတ်မသားလုပ်ပြီး အမှတ်မထားပဲ့
တွယ်ကပ်နေအုံးမယ် ဆိုရင်…………
သင် လည်း ဆက်လက်နာကျင်ရသလို့
သင့်ကြောင့် သူလည်းပဲ မွန်းကြပ်းနေရပါလိမ့်မယ့်
အဲဒါကြောင့်
သင့် ဟာ သူကိုတကယ်ချစ်တယ် ဆိုရင် သူစိတ်ချမ်းပျော်နေစေဖိုအတွက် သူမလိုအပ်တော့တဲ့အချိန်မှာ
ပြတ်သားစွာနဲ လှည့်ထွက်လာခဲ့ပေးပါ့

သင် သိပါသလား ¿¿¿¿¿¿
~
IQ နဲ EQ မြင်မားတဲ့ မိန်းမတိုင်းက့
ကိုယ်ရဲ့ ခန္ဓာကိုယ်ကို အချစ်ကို အကြောင်းပြပြီး
ဖောက်ထွက်လာတဲ့ Sex အတွက်နဲ
ဘယ်ယောက်ျားဆီမှာမှ မစတေးတတတ်သလို့
ယောက်ျားတစ်ယောက်ကိုလည်း ဘဝနဲ အလဲအထပ်လုပ်ပြီး တခြားမိန်းမတစ်ယောက် နဲ ဘယ်တော့မှ
ယှဉ်မလုတတ်လေဘူ့း



သင်သိပါသလား ¿¿¿¿¿¿
~
လူတိုင်း က စေတနာမထိုက်တန်တဲ့ အတွက့်
လူတိုင်းအပေါ် စေတနာကို Limit အတိုင်းအတာလေးနဲပဲ့
ထားပေးသင့်တယ်ဆိုတာ့

သင့်သိပါသလား ¿¿¿¿
~
တချို့သော သူများက သတိရခြင်းနဲ ထိုက်တန်သလို့
တချို့သော သူများကလည်း စွှန်လွှတ်ခြင်းနဲ ထိုက်တတ်တယ့်
တချို့သော သူတွေကတော့ စွှန်ပစ်လိုက်ခြင်းနဲထိုက်တန်တယ်
တချို့သော သူတွေကတော့ သတိရခြင်းနဲလည်း မထိုက်တန်သလို စွှန်လွတ်လိုက်ချင်းတွေ စွန်ပစ်လိုက်ခြင်းတွေနဲလည်း လည်းမထိုက်တန်ဘူး
ခွင့်လွတ်ခြင်းနဲမထိုက်တန်လေတဲ့ အချို့သော သူများကို့
ကလဲ့စားချေချင်းနဲ သင့်ဟာ အနိုင်မယူပါနဲ့
Because……
ကလဲ့စားချေခြင်းသည် ပူလောင်သည့်အတွက်
သင့်ရဲ့ စိတ်ဟာ ကျန်းမာရေးဆိုးရွားစွာ
ထိခိုက်လာစေနိုင်ပါတယ့်
ခွင်လွှတ်ခြင်းနဲတောင်မထိုက်တန်လေသော ထိုသူများကို့
ရိုးမြေကျသည့်တိုင် ရာသက်ပန်
ဥပေက္ခာပြုခြင်းများနဲသာ အနိုင်ယူလိုက်ပါ
သင့် ပြုလိုက်တဲ့ ဥပေက္ခာ ရဲ့ အလင်းပြန်ချင်းတွေကြောင့်
ထိုသူများ သည့် အခြားသူများထံတွင် ဝဠ်လည်ခံရလေတယ် ။


သင်သိပါသလား ¿¿¿¿¿
~
အပေါင်းအသင်း (Or) ချစ်သူ (Or) ရည်းစား စသည့်ဖြင့်
မျှော်လင့်ချက်အချိုလေးတွေ အနည်းငယ်လောက်ကျွေးပြီး
စိတ် ကို တစ်ဘဝစာလုံး ပိုးစားသွားအောင် လုပ်လေရှိတဲ့
ကွာလတီ မပြည့်ဝ တဲ့ သူတွေဆီကနေပြီးတော့
ဘယ်တော့မှ မျှော်လင့်ချက်ကို အကြီးကြီးသွားမထားပါလေနဲ့
ဘယ် အပေါင်းအသင်းကို မှ တစ်ဘဝစာလုံး ဆိုးအတူကောင်းအတူနဲ သစ္စာရှိရှိ ပေါင်းသင်းရမယ်
ထင်ပြီးတော့လည်း မျှော်လင့်ချက်မထားလေနဲ့
သင် က တစ်ဘဝစာ BFF ပါလို သတ်မှတ်
ယုံကြည်မိလိုက်တဲ့အခါ သင့် ရဲ့ နောက်ကျောကို့
သူ က ဓါးနဲထိုးလေပြီ့
ချစ်သူ ရည်းစား သည် လည်းထိုနည်းလည်းကောင်းပဲ့!


သင်သိပါသလား¿¿¿¿¿¿¿
~
သင် ဘယ်အခြေအနေကိုပဲ ရောက်နေပါစေ့
အရည်အသွေးမပြည့်ဝတဲ့ တစ်ခြားသူတွေရဲ့ အောင်မြင်မူတွေကို ငေးပြီးတော့
သင့်ရဲ့ ယူံကြည်မူ ကို မစွှန်လွတ်လိုက်ပါစေနဲ့
တစ်ပါးသူ ရဲ့ အောင်မြင်မူ ကို အားကျလိုရပေမယ့်
သူလုပ်တဲ့ပုံစံ အတိုင်း သူဖောက်ပြီးသားလမ်းကိုတော့
လိုက်ပြီးတော့ မလျှောက်မိပါစေနဲ့
သူများ ဖောက်ပြီးသား လမ်းအတိုင်း သူများနောက်ကနေ့
လိုက်လျှောက်နေရင်တော့ ဘယ်တော့မှ ထိပ်ဆုံးကိုမရောက်တတ်သလို
သင့် ကွယ်လွန်သွားတဲ့အခါမှာလည်း သင်ရဲ့ အမည်ကို့
အချိန်အနည်းငယ်အတွင်းမှာပင် သင့်မိသားစုအပါအဝင်
သင်အပေါင်းအသင်းများက မေ့လျော့သွားကျလိမ်မည့်
Because…………¿¿¿¿
သင့် ရရှိခဲ့လေသော အောင်မြင်မူက သူတပါးရဲ့
အရိပ်အာဝါဿတွေအောက်ကနေ မဖောက်ထွက်နိုင်ခဲ့လိုပဲ့
သင့်ရဲ့ အမည် သင့်ရဲ့ အောင်မြင်ကျော်ကြားမူများကို့
သင့် ကွယ်လွန်ပြီးသည့်တိုင် လူတွေရဲ့ နူတ်ဖျားမှာ
အချိန်မည့်မျှကြာကြာ မမေ့မလျော့ပဲ
အမှတ်တရ ဖြစ်နေစေချင်ရင်တော့
သင် ဟာ ကိုယ်လမ်းကို ကိုယ်ဖောက်ပြီး ကိုယ်ယုံကြည်ချက်ကို မိတ်ဆွေစစ်လို သဘောထားပြီးတော့
သင့်ရဲ့ အောင်မြင်မူကို တစ်ပါးသူ အငွေအသက် များ
ကင်းလွှတ်စွာနဲ ကိုယ်ကို ရယူလိုက်ပါ့
နီးစပ်ရာ ပတ်ဝန်းကျင်က အောင်မြင်နေသူ အချိုရဲ့
အောင်မြင်မူတွေကို အားကျလွန်ပြီး
ကိုယ်ရဲ့ ယုံကြည်ချက်ကို စွန့်ပစ်လိုက်တာထက် စာရင်တော့
ကိုယ်ယုံကြည်ချက်နဲကိုယ်အောင်မြင်မူပန်းတိုင်ကို ပိုင်ဆိုင်ဖို
ကြိုးစားရင်း ကျရှူံးသွားတာက ပိုပြီး သိက္ခာရှိပါသေးတယ့်
[ လဲကျရင် ပြန်ထတတ်တဲ့ သောက်ကျင့်လေးရှိမှ လမ်းဆိုတာ
ဘယ်လိုလျှောက်ရမလည်းဆိုတာ သိလာမှာ ]

Uုံ
ကွိုင်
Alinmyawsin
6:26.Pm.Sun.
A.D.2016.Aug.28

ဟုတ်တယ်နော်

့ ထွက်သွားချင်တဲ့ လူဆိုတာ
ဘယ်လောက် ကောင်းကောင်းပြောနေပါစေ
ဘယ်လောက် အရုံးပေးနေပါစေ
ဘယ်လောက် အလိုလိုက်နေပါစေ
ထွက်သွားကြတာပါပဲ :-) :-)
အကောင်းမမြင်တက်တော့ဘူး

နင့်သိပါစေ

နားလည်မူမရှိတဲ့နင် နည်းနည်းလေး တိမ်းစောင်းမခံတဲ့နင် 😊ငါရှင်းပြလဲ လက်မခံတဲ့နင် အတ္တကြီးလွန်းတဲ့နင် ငါအောက်ကျို့လို့ 😋ယောင့်မတတ်ပါနဲ့ ငါသွေးအေးရင် နင့်ထက် အဆတရာပိုတယ်😊😋#LOVE❤