လာရောက်ဖတ်ရှုသူ

     

Tuesday, September 6, 2016

နင့် နင့်

နင် ငါနဲ့ ပတ်သက်ပြီး စိတ်ပူဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး သဝန်တိုဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး ဂရုစိုက်ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး အရေးပေးဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး နားလည်ခဲ့ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး သည်းခံခဲ့ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး ယုံကြည်ခဲ့ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး ခွင့်လွှတ်ခဲ့ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး အနားမှာ နေပေးခဲ့ဘူးလား

နင့်ပါးစပ်က ချစ်တယ်ချစ်တယ်သာ ပြောခဲ့ဖူးတာ

နင် ငါ့ကို ဦးပေက္ခာပြုထားတယ်လေ

နင် ငါ့အတွက် အချိန်လေးတောင် မပေးဘဲနဲ့

ငါ့ကို ချစ်တယ်ဆိုတာ ငါဘယ်လို ယုံကြည်ပေးရမှာလဲ

ငါ့ဘက်ကသာ နင့်အတွက် စိတ်ပူလိုက်ရ/
သဝန်တိုလိုက်ရ/ဂရုစိုက်လိုက်ရ/အရေးပေးလိုက်ရ/
နားလည်ပေးလိုက်ရ/သည်းခံပေးလိုက်ရ/
ယုံကြည်ပေးလိုက်ရ/ခွင့်လွှတ်ပေးလိုက်ရ/အနားမှာ နေပြီး အရမ်း ချစ်ပြလလိုက်ရနဲ့
နင့်ဘက်ကတော့ အေးတိအေးစက်နိုင်လွန်းတယ်

ငါတန်ဖိုးထားသလောက် နင်တန်ဖိုးမထားဘူးဟာ

ငါငိုချင်တယ် သိလား

ငါ့နေရာကို ခဏလောက်ဖြစ်ဖြစ် ဝင်ကြည့်လှည့်ပါဟာ

ငါဘယ်လို ခံစားနေရမလဲ နင်သိအောင်လို့

တခြားအတွဲတွေလို ငါလိုချင်တာပေါ့ဟာ
မိမိချစ်သူဆီကနေ ယုယမှုများကို
ဒါပေမဲ့ နင်မပေးခဲ့ဘူး

ငါဘယ်လိုလုပ်ရမလဲ

ငါတို့နှစ်ယောက် ဘယ်လိုရှေ့ဆက်ကြမလဲ

ငါလည်း နင့်လို နေရမှာလား

ဒါတော့ မဖြစ်နိုင်ဘူးထင်တယ်

ငါပျော်ချင်တယ် ငါအမြဲတမ်းပြုံးချင်တယ်

နင်ဘာလုပ်မှာလဲ ပြောဟာ

နင်နဲ့ငါက ဒီလိုကြီးပဲဆိုရင် ငါရှေ့ဆက်မြင်ယောင်မိသေးတယ်ဟာ

ငါဘာမှ မသိတော့ဘူး

ငါဘာမှ မစဉ်းစားတတ်တော့ဘူးဟာ့

No comments:

Post a Comment