သိုဝှက်ခဲ့သော အိပ်မက်ရိုင်း
=================
@ အပ္ပမာဒ ပန်းလေး ဖူးပွင့်ဖို့များကွါ
မာန ကို ခြေဆေးစရာ မလိုပါဘူး
အရောင်ပြယ် အဆိပ် တစ်ခွက်ကို မျိုချရုံနဲ့
ဘဝ ဟာ ညက်ညောပြီးသားပါ =======
@လှည့်ကွက် အဆန်းတွေ သုံးပြီး
ယုံတမ်း ကစားတတ်တဲ့ မာယာ ကပွဲမှာ
ချော်လဲသွားတဲ့ အိပ်ပျက်ညတွေက
ညဥ့်နက်နက်မှာ သွေးထွက်နေပါရောလား =====
@မှေးစက် မပျော်တဲ့ နာရီ တွေ ကြားမှာ
လူးလွန့် သွားလာနေတဲ့ အိပ်မက်ရထားကို
ခေါက်တုန့် ခေါက်ပြန် မောင်းနှင်ရင်း
အိပ်ယာဝင်မှာ တွန့်ကြေသွားတဲ့ အသိကို
ပြန်ပြန် စမ်းနေမိတယ် ======
@ချုပ်ရိုး မကင်းတဲ့ ပဋိညာဉ် အောက်မှာ
ရင်ဘတ်ကို ခြေဆေးပစ်လိုက်တဲ့ အိပ်မက်မြို့ပြ
ဘဝ နဲ့တော့ သဟဇာတ မဖြစ်တာ သေချာတယ်==
@ဝင်္ကပါ လမ်း အလွဲမှာ တွဲခိုနေတဲ့ မျက်ရည် စ
အိပ်ပျက် ည အလွန်က နာကျင်ခြင်း
ကွေကွင်းခြင်း တွေ ရှည်လျား လိုက်တာ =====
No comments:
Post a Comment