လာရောက်ဖတ်ရှုသူ

     

Friday, September 2, 2016

ဖန်တီးမှုတွေရဲ့ သားကောင်အဖြစ်ငါ့

ဖန်တီးမှုတွေရဲ့သားကောင်

မင်းတို့ဖန်တီးတဲ့ လုပ်ကြံဇာတ်လမ်းတွေ

ဇာတ်ကွက်လေးတွေတော့ လှပါရဲ့

ဇာတ်အိမ်လေးတွေလည်း ခိုင်သလိုထင်ရပါတယ် ..

ဒါပေမယ့် ....

ဟာကွက်တွေကိုရှာတတ်တဲ့ငါ့အတွက်တော့

မင်းဇာတ်လမ်းတောင်မဆုံးခင်မှာ

အဆုံးရဲ့ဇာတ်သိမ်းအထိကြိုမြင် ..

မင်းဖန်တီးထားတဲ့လုပ်ကြံမှုတွေကို သိနေတယ်ဆိုရင် ..

ထားပါတော့ ...

ဘာကိုမှမပြောလိုတော့ပါဘူး ...

သိမြင်နေတဲ့ ငါ့အတွေးကပဲ

အမှောင်တွေဖုံးနေတယ်ထားပါ ..

မပီပြင်ဝိုးတ၀ါးနဲ့ ဆက်မလျှောက်ချင်တော့တဲ့လမ်းမှာ

အကြောင်းတွေအမျိုးမျိုးနဲ့

ငါ့ခြေလှမ်းတွေ ရွက်လွှင့်ရတော့မယ် .....

No comments:

Post a Comment