လာရောက်ဖတ်ရှုသူ

     

Tuesday, September 6, 2016

အချစ်ဆိုတာဘာလည်း?

အချစ်ဆိုတာ ဘာလဲ
လောကကြီးကို မေးချင်တယ်
ပြောင်းလဲခြင်းက အချစ်လား
သစ္စာမဲ့ခြင်းက အချစ်လား
ဟန်ဆောင်ခြင်းက အချစ်လား
ဦးပေက္ခာပြုခြင်းက အချစ်လား
သေချာတာကတော့
လူတွေ ပြောင်းလဲတတ်ကြတယ်
လူတွေ သစ္စာမဲ့ကြတယ်
လူတွေ ဟန်ဆောင်နေကြတယ်
လူတွေ ဦးပေက္ခာပြုကြတယ်
အဲ့ထဲမှာ နင်လည်းပဲ အပါအဝင်ပေါ့
အသဲကွဲတာ အချစ်လား
ဝမ်းနည်းပူဆွေးတာ အချစ်လား
အထီးကျန်တာ အချစ်လား
နာကျင်တာ အချစ်လား
ခံစားရတာ အချစ်လား
အဲ့အထဲမှာ ငါလည်းပဲ ပါဝင်နေခဲ့တယ်
တို့နှစ်ယောက်က မတူညီကြဘူး
ငါ့အမှားလား နင့်အမှားလား
မသိတော့ဘူးဟာ
အချစ်က ဘာလဲ
အခု ငါ့ရင်ထဲမှာ ဖြစ်ပျက်နေသမျှဟာ
အချစ်လား
ဒါဆိုငါ အချစ်ဆိုတာကြီးကို
အရမ်းပဲ မုန်းတယ်ဟာ
ဖြစ်နိုင်ရင် နင်လည်းပဲ
ငါ့လို ခံစားချက်မျိုး ရှိစေချင်တယ်
ဒါပေမဲ့ နင်မဟုတ်တဲ့
ငါကတော့ နင်နဲ့မတူသလိုပါပဲ
အရမ်းပဲ ရူးနေမိတယ့့် ။ ᠌᠌᠌

                  * *

No comments:

Post a Comment