ငါငိုနေတာ နင်မသိဘူး
ငါလွမ်းနေတာ နင်မသိဘူး
နင်မရှိတဲ့ ကမ္ဘာမှာလေ
အထီးကျန်အဖော်မဲ့ အတောင်ကျိုးတဲ့
ငှက်ငယ်အလား ဝေဟံမှာတောင်
မပျံနိင်ဘူး စိတ်အတွေးနဲ့
ကဗျာတွေဘဲ ရေးနေမိတယ်
နင့်ကိုလွမ်းလို့ ကြတဲ့မျက်ရည်
ငါမသုတ်ဘူး အချစ်စစ်လေ
ငါငိုတဲ့မျက်ရည် ပင်လယ်ပြင်တော့
မှီမယ်မထင်ဘူး ဒါပေမယ်လေ
ချစ်သူတွေက ဘာကြောင့်များကြောင့်
လမ်းခွဲကြတယ် ချစ်ခဲ့ကြတယ်
လွမ်းဆွေးမျှော်လင့် ရင်နင့်နင့်နဲ့
ငါချစ်ခဲ့တာပါ အွန်လိုင်းမှာတွေ
အပြင်မှာမတွေ့ သေးပေမယ့်
သစ္စာစကား ငါဖောက်ခဲ့လား
မကြင်ဘက်အတွက် နင့်ရက်စက်တာလည်း
ငါကိုယ်ငါလည်း မုန်းနေမိတယ်
စိတ်လည်းနာတယ် နင့်ကိုမေ့မရလို့လေ
နင်ပြောတဲ့စကား အချိန်ကကုစားမယ်တဲ့
မိုးပေါ်ကလမင်းဆီမှာ ထမင်းဆီစမ်း
ရွှေလင်ဘန်းနဲ့ တောင်းပေးပါမယ်
ကလေးငယ်လို့ ချော့မြူလို့ထား
ဒီစကားလို မလွယ်သေးဘူးဟာ
ငါကတော့ ချစ်မြဲချစ်လျှက်
လွမ်းမြဲလွမ်းလျှက်ပါဘဲ
အမှတ်မရှိတဲ့ အသည်းမို့
နှစ်ထပ်ရှိအောင် ခွဲအုံးမယ်ဆို
ရင်ခွင်တံခါး ဖွင့်ကားထားမယ်
လိုခြင်ယူသွား ငါနှလုံးသားကို
နင်ကိုယ်တိုင်မထုတ်ပါနဲ့နော်
နင်လက်လှလှလေးတွေ
သွေးပေသွားမှာ ဆိုးလို့ပါဟာ
ငါကိုယ်တိုင်ဘဲ ထုတ်ကာပေးမယ်
မြင်အောင်ဝင်ကြည့် စာနာသိစေ
နင့်ဘဝလေး ရေလိုအေးလို့
ပန်းလို့ထာဝရ မွှေးပါစေ
ဆုတောင်းကာခြွေရင်း ဒီဘဝဒီမျှ
ကံပေးတဲ့ဒဏ် မောင်ရင်ဆီးကာ
ခံလိုက်တော့မယ် ......
အောင်သူ
ကျွန်တော်အသဲကွဲနေလို့
ReplyDeleteအသဲကွဲစာသားလေးတွေပို့ပေးပါဗျာ
ကျွန်တော်အသဲကွဲနေလို့
ReplyDeleteအသဲကွဲစာသားလေးတွေပို့ပေးပါဗျာ