လာရောက်ဖတ်ရှုသူ

     

Tuesday, September 6, 2016

အချစ်ဆိုတာဘာလည်း?

အချစ်ဆိုတာ ဘာလဲ
လောကကြီးကို မေးချင်တယ်
ပြောင်းလဲခြင်းက အချစ်လား
သစ္စာမဲ့ခြင်းက အချစ်လား
ဟန်ဆောင်ခြင်းက အချစ်လား
ဦးပေက္ခာပြုခြင်းက အချစ်လား
သေချာတာကတော့
လူတွေ ပြောင်းလဲတတ်ကြတယ်
လူတွေ သစ္စာမဲ့ကြတယ်
လူတွေ ဟန်ဆောင်နေကြတယ်
လူတွေ ဦးပေက္ခာပြုကြတယ်
အဲ့ထဲမှာ နင်လည်းပဲ အပါအဝင်ပေါ့
အသဲကွဲတာ အချစ်လား
ဝမ်းနည်းပူဆွေးတာ အချစ်လား
အထီးကျန်တာ အချစ်လား
နာကျင်တာ အချစ်လား
ခံစားရတာ အချစ်လား
အဲ့အထဲမှာ ငါလည်းပဲ ပါဝင်နေခဲ့တယ်
တို့နှစ်ယောက်က မတူညီကြဘူး
ငါ့အမှားလား နင့်အမှားလား
မသိတော့ဘူးဟာ
အချစ်က ဘာလဲ
အခု ငါ့ရင်ထဲမှာ ဖြစ်ပျက်နေသမျှဟာ
အချစ်လား
ဒါဆိုငါ အချစ်ဆိုတာကြီးကို
အရမ်းပဲ မုန်းတယ်ဟာ
ဖြစ်နိုင်ရင် နင်လည်းပဲ
ငါ့လို ခံစားချက်မျိုး ရှိစေချင်တယ်
ဒါပေမဲ့ နင်မဟုတ်တဲ့
ငါကတော့ နင်နဲ့မတူသလိုပါပဲ
အရမ်းပဲ ရူးနေမိတယ့့် ။ ᠌᠌᠌

                  * *

နင့် နင့်

နင် ငါနဲ့ ပတ်သက်ပြီး စိတ်ပူဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး သဝန်တိုဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး ဂရုစိုက်ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး အရေးပေးဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး နားလည်ခဲ့ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး သည်းခံခဲ့ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး ယုံကြည်ခဲ့ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး ခွင့်လွှတ်ခဲ့ဘူးလား

နင် ငါနဲ့ ပတ်သက်ပြီး အနားမှာ နေပေးခဲ့ဘူးလား

နင့်ပါးစပ်က ချစ်တယ်ချစ်တယ်သာ ပြောခဲ့ဖူးတာ

နင် ငါ့ကို ဦးပေက္ခာပြုထားတယ်လေ

နင် ငါ့အတွက် အချိန်လေးတောင် မပေးဘဲနဲ့

ငါ့ကို ချစ်တယ်ဆိုတာ ငါဘယ်လို ယုံကြည်ပေးရမှာလဲ

ငါ့ဘက်ကသာ နင့်အတွက် စိတ်ပူလိုက်ရ/
သဝန်တိုလိုက်ရ/ဂရုစိုက်လိုက်ရ/အရေးပေးလိုက်ရ/
နားလည်ပေးလိုက်ရ/သည်းခံပေးလိုက်ရ/
ယုံကြည်ပေးလိုက်ရ/ခွင့်လွှတ်ပေးလိုက်ရ/အနားမှာ နေပြီး အရမ်း ချစ်ပြလလိုက်ရနဲ့
နင့်ဘက်ကတော့ အေးတိအေးစက်နိုင်လွန်းတယ်

ငါတန်ဖိုးထားသလောက် နင်တန်ဖိုးမထားဘူးဟာ

ငါငိုချင်တယ် သိလား

ငါ့နေရာကို ခဏလောက်ဖြစ်ဖြစ် ဝင်ကြည့်လှည့်ပါဟာ

ငါဘယ်လို ခံစားနေရမလဲ နင်သိအောင်လို့

တခြားအတွဲတွေလို ငါလိုချင်တာပေါ့ဟာ
မိမိချစ်သူဆီကနေ ယုယမှုများကို
ဒါပေမဲ့ နင်မပေးခဲ့ဘူး

ငါဘယ်လိုလုပ်ရမလဲ

ငါတို့နှစ်ယောက် ဘယ်လိုရှေ့ဆက်ကြမလဲ

ငါလည်း နင့်လို နေရမှာလား

ဒါတော့ မဖြစ်နိုင်ဘူးထင်တယ်

ငါပျော်ချင်တယ် ငါအမြဲတမ်းပြုံးချင်တယ်

နင်ဘာလုပ်မှာလဲ ပြောဟာ

နင်နဲ့ငါက ဒီလိုကြီးပဲဆိုရင် ငါရှေ့ဆက်မြင်ယောင်မိသေးတယ်ဟာ

ငါဘာမှ မသိတော့ဘူး

ငါဘာမှ မစဉ်းစားတတ်တော့ဘူးဟာ့

ငါရင့်ခွင့်ကို

နင်ဝင်လာခဲ့တယ် ငါ့ရင်ခွင်ကိုလေ
ဒါပေမဲ့ နင်ပြန်ထွက်သွားခဲ့တယ် ဟိုအဝေးကိုယ်

နင်ပြန်မလာခဲ့ပါဘူး
သို့သော်လည်း ငါလွမ်းနေခဲ့တယ်

နင်မရှိတော့သည့်အခါ
နင့်အား စကားများ တစ်နေ့ထက်တစ်နေ့
ငါ့ရင်ခွင်ထဲ ရှုပ်ပွလာခဲ့သည်

နင်သိမလား နင့်ကြောင့်ငါ
ငိုနေခဲ့တယ် ကလေးလေးတစ်ယောက်လိုပေါ့

နင်ရော နေများကောင်းရဲ့လား
အဆင်ရောပြေရဲ့လား
ဘာတွေ လုပ်နေလဲ စိုးရိမ်မိတယ်

ငါဘယ်လောက်ပဲ နင့်အတွက် ပူပန်ပူပန်
တကယ်တမ်းတော့ ငါတို့က တစိမ်းပါ

ရင်းနှီးခဲ့ဖူးတဲ့အတိုင်းအတာအတွင်းလေးမှာပဲ
ငါ့နှလုံးသား နင့်ကြောင့် သေတယ်

ဘဝပေးအကျိုးကံလား
ဒါမှမဟုတ် နင့်ရဲ့ ယုတ်မာမှုလား
မခွဲခြားတတ်တော့ဘူးဟာ

အရင်လိုငါ မပျော်ဘူး
ငါ့အပြုံးတွေက အသက်မဲ့နေတယ်

နင်သာ အပန်းမကြီးရင် ငါ့ခံစားချက်နဲ့
တန်းတူနေရာ နေကြည့်ပါလား
နင် ရူးသွားနိုင်တယ်နော်

မျှော်လင့်ချက်တွေကြည်ပဲ
ငါမပိုင်ဆိုင်ခဲ့ဘူး

ပြီးဆုံးခဲ့ပေမဲ့
ငါ့အနာဂတ်ပါ ဖော်ဆောင်နေတယ်

စွန့်လွှတ်ချင်ပေမဲ့
လွယ်ကူတဲ့ ကိစ္စမှ မဟုတ်တာကိုယ်

အချစ်မှာသာ ဥပဒေရှိရင်
နင် ပုဒ်မ(-)နဲ့ ပြစ်ဒဏ်ခံစားနေရလောက်ပြီ

ဒါပေမဲ့ အဲ့သလို တန်ပြန်မှုမရှိတာ
အချစ်ပဲလေ

ငါ့နှလုံးသားစတေးခဲ့ရပေမဲ့
မက်မောမိသည့် ပြီးပြည့်စုံမှုလေးတော့
တောင်းတမိတာပေါ့

အသဲကွဲတာသာ
ဆေးရှိခဲ့မယ်ဆိုရင်
နင့်ကို တမ်းတနေမှာတော့ မဟုတ်ဘူး

ဒါပေမဲ့ ဖြေဆေးမရှိသည့်
အဆိပ်တစ်မျိုးပါ

နင်ပြန်လာခဲ့ရင်တောင်
စိတ်ထဲမှာ ခုနေအုံးမယ် ထင်ပါရဲ့။

           

လေတံခွန်မလေးသို့ပေးစာ

လေတံခွန်မလေးသို့

မိုးယံတိမ်စွန်
ထက်တခွင်ဝယ်
ကျင်လည်လှုပ်ရှား
မြူးပျော်ပါးဘို့
တွန်းအားညှိကာ
စောင့်ရှောက်ပါသည့်
မေတ္တာကြိုးစ
ကိုယ့်ဘဝကို
သူကငြိုငြင်
အပြစ်မြင်၍
ဆင်ခြင်နည်းစွာ
ရက်စက်ပါလည်း
ရင်ထဲနောင်တ
ဘယ်မရပြီ
ထက်ဝဠာမှာပျော်ပါစေ။
       ချစ်သောလေတံခွန်

Friday, September 2, 2016

ငါ့ဘဝငါ့ဘဝ

မင်းတို့မသိတဲ့ငါ့ဘဝ
မင်းတို့တွေကျောင်းတက်ပြီးပျော်နေချိန်မှာ
မပြေလည်တဲ့ငါ့မိဘတွေကိုတဖက်တလမ်းကကူညီနေ၇တယ်ဒီနှစ်ကျောင်းမှတက်၇မလားဆိုတဲ့စိတ်တွေနဲ့ပေါ့
8တန်းေ၇ာက်တော့စာတော်၇ဲ့သားနဲ့ကျောင်းထွက်လိုက်တဲ့ငါ့ကိုမင်းတို့ဝိုင်းပြီးအပြစ်တင်ကြတယ်ကျမ်းမာေ၇းမကောင်းတဲ့ဖခင်နဲ့အ၇ွယ်မေ၇ာက်သေးတဲ့ငါ့ညီငါ့ညီလေးတွေကိုပြုစုပျိုးထောင်ဖို့အားနည်းနေတဲ့ငါ့အမေကိုကူညီဖို့ငါ၇ှိမှဖြစ်မှာပေါ့
မင်းတို့တွေပျော်ကြမြူးကြနဲ့ပွဲတော်၇က်တွေမှာ
မင်းတို့နဲ့ငါမလိုက်ချင်တာမပာုတ်ပါဘူး
ငါ့ကိုအားထားပြီး၇ှင်သန်နေ၇တဲ့ငါ့ညီငါညီမလေးတွေ၇ဲ့အနာဂတ်ပာာငါတ၇က်လောက်ပျော်လိုက်တာနဲ့အဆင်မပြေဖြစ်သွားနိုင်တာကိုမင်းတိုမသိလို့ပါကွာတမိသားစုလုံး၇ုန်းကန်၇ှာဖွေတာတောင်မလောက်ငှနိုင်တဲ့ဒီခေတ်ာကြီးမှာမင်းတို့အလေးအနက်ထားတဲ့အချစ်ဆိုကိုငါစိတ်မ၀င်စားနိုင်တာစိတ်မဆိုးကြပါနဲ့ကွာ
တကယ်တော့ငါကလူငယ်ဘ၀ကိုမင်းတို့လို့ပျော်၇ွင်စွာဖြတ်သန်းချင်တာပါ ဒါပေမယ်ငါကမင်းတို့လိုပြည်စုံတဲ့ဘ၀မှာမပာုတ်ဘူးလေတကယ်ပါဒါပာာမင်းတို့မသိသေးတဲ့ငါ့ဘ၀ပါ.....ငါဟာတစ်ကယ်တော့အရာအားလုံးရဲ့အဖြည့်ခံပါ ပျော်ခြင်ပါတယ်အခုချိန်ထိတော့မပျော်ရပါဘူးငါဘဝ

သုံညဟာ သုံညပါပဲ

သုည

လောကဓံက ငါ့ဘ၀ကို အကြိမ်ကြိမ် ခုတ်ပိုင်းလဲ

ကြယ်ငါးတွေရဲ့လက်တံလို

ဘ၀အသစ်ကို အဖန်ဖန် ပြန်မွေးဖွား

အားလုံးနဲ့တသားတည်း ရှိနေမယ်...

သူများတန်ဖိုးတက်ဖို့

နောက်နားက အဖြည့်ခံ

ပေးဆပ်တဲ့ သုညအတွက်

နောက်ကောက်ကျစရာလဲမရှိ

ဖြစ်တည်မှု တန်ဖိုးသက်သက်နဲ့

သုညကို အပိုင်းပိုင်းခွဲလဲ

သုညဟာ သုညပဲမို့လေ..
.

ဖန်တီးမှုတွေရဲ့ သားကောင်အဖြစ်ငါ့

ဖန်တီးမှုတွေရဲ့သားကောင်

မင်းတို့ဖန်တီးတဲ့ လုပ်ကြံဇာတ်လမ်းတွေ

ဇာတ်ကွက်လေးတွေတော့ လှပါရဲ့

ဇာတ်အိမ်လေးတွေလည်း ခိုင်သလိုထင်ရပါတယ် ..

ဒါပေမယ့် ....

ဟာကွက်တွေကိုရှာတတ်တဲ့ငါ့အတွက်တော့

မင်းဇာတ်လမ်းတောင်မဆုံးခင်မှာ

အဆုံးရဲ့ဇာတ်သိမ်းအထိကြိုမြင် ..

မင်းဖန်တီးထားတဲ့လုပ်ကြံမှုတွေကို သိနေတယ်ဆိုရင် ..

ထားပါတော့ ...

ဘာကိုမှမပြောလိုတော့ပါဘူး ...

သိမြင်နေတဲ့ ငါ့အတွေးကပဲ

အမှောင်တွေဖုံးနေတယ်ထားပါ ..

မပီပြင်ဝိုးတ၀ါးနဲ့ ဆက်မလျှောက်ချင်တော့တဲ့လမ်းမှာ

အကြောင်းတွေအမျိုးမျိုးနဲ့

ငါ့ခြေလှမ်းတွေ ရွက်လွှင့်ရတော့မယ် .....

ပြောင်းလဲဖိုခက်

အစွဲလန်းကြီတဲငါအတွက်
အချစ်ကိုပြောင်းလဲဖို့ ရာ
အချိန်ဆိုတာ အသုံးမဝင်ပါဘူး
ငါ့ရင်ဘက်ထဲက နင့်အတွက်
တစ်စုံတရာ
ခိုင်မာသေချာ နေတုန်းပဲဆိုတာ
မင်းသိနိုင်ပါ့ မလား
      ချစ်သူ

ဥပေက္ခာအကျောင်း

ဘယ်လိုပဲ မရေမရာအတွေးတွေပဲဖြစ်ဖြစ်

ကျွန်တော့်ရင်ခွင်ထဲမှာ ဆန့်ကျင်ဘက်ဥပက္ခောအကြည့်တွေ

လက်ဝယ်မပိုက်ထားရသေးခင် အထိတော့
   . . .  

အတ္တအချစ်

အချစ်ဆိုတဲ့
လုံးလေးကနှစ်လုံးလေးပါ...
ချစ်မိသွားပြီဆိုရင်...ရုန်းထွက်ဖို့တော်တော်ခက်တယ်နော်...
ဒါပေမဲ့ ...
အချစ်မှာ..ချစ်သင့်တယ်...မချစ်သင့်ဘူးဆိုတာတော့...
မရှိလောက်ပါဘူးနော်.......
ချစ်မိသွားတဲ့ လူက..ချစ်သင်တဲ့လူလား..မချစ်သင့်တဲ့လူလား..ဆိုတာ...
ဒီနှလုံးသားက...သိမှမသိတာ....
ဟုတ်တယ်မလား...........
သူ့ကိုလည်း...အဲ့လိုပဲ ချစ်သွားတာ............
နှလုံးသားက..သူမှသူဖြစ်သွားတာ...မတတ်နိုင်တော့ဘူး
ချစ်သင့်တာ...မချစ်သင့်တာ..
မစဉ်စားချင်တော့ဘူး.....
ဘာပဲဖြစ်ဖြစ်....
သူ့ကိုချစ်တဲ့ အချစ်ကိုတော့ ပြန်မပေးနိုင်ဘူး....
တကိုယ်ကောင်းဆန်တယ်ပြောပြော.....
ချစ်တယ်...

ဒါပဲနော်

 ဟင်း...ဒါပဲနော်
 ခင်ယုံပါဆိုပြီး
ရင်ခုန်စရာတွေ
ဘာလို့တွေးနေတာလဲ
ရိုးရိုးလေးသိတယ်ဆိုပြီး
ခိုးခိုးပြီးကြည့်စရာမလိုဘူး
အခင်မပိုသေးရင်
အရင်လိုပဲဆက်ဆံပါ
တမင်ချဲ့ကာ မထိတထိပြုလာလို့
ရင်ထဲမှာကလိကလိခုလာရင်
 ရှေ့တိုးမလာနဲ့ မိန်းကလေး
အနမ်းမိုးတွေ တဖွဲဖွဲရွာမိလိမ့်မယ်
(ပေါက်တတ်ကရရေးတတ်သူ

Thursday, September 1, 2016

အသဲကွဲကဗျာ

ငါငိုနေတာ နင်မသိဘူး
ငါလွမ်းနေတာ နင်မသိဘူး

နင်မရှိတဲ့ ကမ္ဘာမှာလေ

အထီးကျန်အဖော်မဲ့ အတောင်ကျိုးတဲ့

ငှက်ငယ်အလား ဝေဟံမှာတောင်

မပျံနိင်ဘူး စိတ်အတွေးနဲ့

ကဗျာတွေဘဲ ရေးနေမိတယ်

နင့်ကိုလွမ်းလို့ ကြတဲ့မျက်ရည်

ငါမသုတ်ဘူး အချစ်စစ်လေ

ငါငိုတဲ့မျက်ရည် ပင်လယ်ပြင်တော့

မှီမယ်မထင်ဘူး ဒါပေမယ်လေ

ချစ်သူတွေက ဘာကြောင့်များကြောင့်

လမ်းခွဲကြတယ် ချစ်ခဲ့ကြတယ်

လွမ်းဆွေးမျှော်လင့် ရင်နင့်နင့်နဲ့

ငါချစ်ခဲ့တာပါ အွန်လိုင်းမှာတွေ

အပြင်မှာမတွေ့ သေးပေမယ့်

သစ္စာစကား ငါဖောက်ခဲ့လား

မကြင်ဘက်အတွက် နင့်ရက်စက်တာလည်း

ငါကိုယ်ငါလည်း မုန်းနေမိတယ်

စိတ်လည်းနာတယ် နင့်ကိုမေ့မရလို့လေ

နင်ပြောတဲ့စကား အချိန်ကကုစားမယ်တဲ့

မိုးပေါ်ကလမင်းဆီမှာ ထမင်းဆီစမ်း

ရွှေလင်ဘန်းနဲ့ တောင်းပေးပါမယ်

ကလေးငယ်လို့ ချော့မြူလို့ထား

ဒီစကားလို မလွယ်သေးဘူးဟာ

ငါကတော့ ချစ်မြဲချစ်လျှက်

လွမ်းမြဲလွမ်းလျှက်ပါဘဲ

အမှတ်မရှိတဲ့ အသည်းမို့

နှစ်ထပ်ရှိအောင် ခွဲအုံးမယ်ဆို

ရင်ခွင်တံခါး ဖွင့်ကားထားမယ်

လိုခြင်ယူသွား ငါနှလုံးသားကို

နင်ကိုယ်တိုင်မထုတ်ပါနဲ့နော်

နင်လက်လှလှလေးတွေ

သွေးပေသွားမှာ ဆိုးလို့ပါဟာ

ငါကိုယ်တိုင်ဘဲ ထုတ်ကာပေးမယ်

မြင်အောင်ဝင်ကြည့် စာနာသိစေ

နင့်ဘဝလေး ရေလိုအေးလို့

ပန်းလို့ထာဝရ မွှေးပါစေ

ဆုတောင်းကာခြွေရင်း ဒီဘဝဒီမျှ

ကံပေးတဲ့ဒဏ် မောင်ရင်ဆီးကာ

ခံလိုက်တော့မယ် ......




အောင်သူ

ဆုတောင်းပေးပါတယ်

ဘာမှန်းမသိပဲနဲ့
မင်းဘေးမှာ
ခုချိန်ထိနေပေးခဲ့တာ
ရင်ထဲမှာ အမြဲရှိနေခဲ့လို့ပါ...
မင်း မပျော်လို့
ထားသွားခဲ့ရင်လဲ
ကျေနပ်စွာနဲ့ပဲ
နေခဲ့ပေးပါ့မယ်....
တခုပါပဲ..
တနေ့မှာ
မင်း ငါ့လိုမျိုးမခံစားရပါစေနဲ့လို့
ဆုတောင်းပေးပါတယ်.....
                                  အောင်သူ

အမေ

ရင်၌ဖြစ်သောဆန္ဒတစ်ခု
⌛⌛⌛⌛⌛⌛⌛
မေတ္တာလေညှင်း
(အ)မေ့ရင်တွင်းက
ပန်းခင်းပမာ
ဆန်းသော်တာလို
ကြင်နာပိုက်ထွေး
နို့ချိုပေး၍
ကျွေးမွေးပြုစု
မေတ္တာထုကို
မတုနိုင်ဘူး
မြင့်မိုရ်ဦးမို့
ကျေးဇူးလှိုင်လှိုင်
သစ္စာတိုင်ကာ
ဆပ်နိုင်ပါစေ
ဆန္ဒချွေ၏.။
⏳⏳⏳⏳⏳⏳⏳⏳
သဲနွမ်းလိပ်ပြာ

အိမ့်မက်ရိုင်း တမ်းခြင်း

သိုဝှက်ခဲ့သော အိပ်မက်ရိုင်း
       =================

@ အပ္ပမာဒ ပန်းလေး ဖူးပွင့်ဖို့များကွါ
မာန ကို ခြေဆေးစရာ မလိုပါဘူး
အရောင်ပြယ် အဆိပ် တစ်ခွက်ကို မျိုချရုံနဲ့
ဘဝ ဟာ ညက်ညောပြီးသားပါ =======
  @လှည့်ကွက် အဆန်းတွေ သုံးပြီး
ယုံတမ်း ကစားတတ်တဲ့ မာယာ ကပွဲမှာ
ချော်လဲသွားတဲ့ အိပ်ပျက်ညတွေက
ညဥ့်နက်နက်မှာ သွေးထွက်နေပါရောလား =====
   @မှေးစက် မပျော်တဲ့ နာရီ တွေ ကြားမှာ
လူးလွန့် သွားလာနေတဲ့ အိပ်မက်ရထားကို
ခေါက်တုန့် ခေါက်ပြန် မောင်းနှင်ရင်း
အိပ်ယာဝင်မှာ တွန့်ကြေသွားတဲ့ အသိကို
ပြန်ပြန် စမ်းနေမိတယ် ======
   @ချုပ်ရိုး မကင်းတဲ့ ပဋိညာဉ် အောက်မှာ
ရင်ဘတ်ကို ခြေဆေးပစ်လိုက်တဲ့ အိပ်မက်မြို့ပြ
ဘဝ နဲ့တော့ သဟဇာတ မဖြစ်တာ သေချာတယ်==
   @ဝင်္ကပါ လမ်း အလွဲမှာ တွဲခိုနေတဲ့ မျက်ရည် စ
အိပ်ပျက် ည အလွန်က နာကျင်ခြင်း
ကွေကွင်းခြင်း တွေ ရှည်လျား လိုက်တာ =====

သင့်သိပါသလား

သင်သိပါသလား ¿¿¿¿
~~
သင်ကို တစ်စုံတစ်ယောက်က မလိုအပ်တော့ဘူးဆိုရင့်
စွန့်လွှတ်ပြတ်သားနိုင်အောင် ကြိုးစားပေးပါ့
အကယ်၍ သင့်ဟာ မပြတ်မသားလုပ်ပြီး အမှတ်မထားပဲ့
တွယ်ကပ်နေအုံးမယ် ဆိုရင်…………
သင် လည်း ဆက်လက်နာကျင်ရသလို့
သင့်ကြောင့် သူလည်းပဲ မွန်းကြပ်းနေရပါလိမ့်မယ့်
အဲဒါကြောင့်
သင့် ဟာ သူကိုတကယ်ချစ်တယ် ဆိုရင် သူစိတ်ချမ်းပျော်နေစေဖိုအတွက် သူမလိုအပ်တော့တဲ့အချိန်မှာ
ပြတ်သားစွာနဲ လှည့်ထွက်လာခဲ့ပေးပါ့

သင် သိပါသလား ¿¿¿¿¿¿
~
IQ နဲ EQ မြင်မားတဲ့ မိန်းမတိုင်းက့
ကိုယ်ရဲ့ ခန္ဓာကိုယ်ကို အချစ်ကို အကြောင်းပြပြီး
ဖောက်ထွက်လာတဲ့ Sex အတွက်နဲ
ဘယ်ယောက်ျားဆီမှာမှ မစတေးတတတ်သလို့
ယောက်ျားတစ်ယောက်ကိုလည်း ဘဝနဲ အလဲအထပ်လုပ်ပြီး တခြားမိန်းမတစ်ယောက် နဲ ဘယ်တော့မှ
ယှဉ်မလုတတ်လေဘူ့း



သင်သိပါသလား ¿¿¿¿¿¿
~
လူတိုင်း က စေတနာမထိုက်တန်တဲ့ အတွက့်
လူတိုင်းအပေါ် စေတနာကို Limit အတိုင်းအတာလေးနဲပဲ့
ထားပေးသင့်တယ်ဆိုတာ့

သင့်သိပါသလား ¿¿¿¿
~
တချို့သော သူများက သတိရခြင်းနဲ ထိုက်တန်သလို့
တချို့သော သူများကလည်း စွှန်လွှတ်ခြင်းနဲ ထိုက်တတ်တယ့်
တချို့သော သူတွေကတော့ စွှန်ပစ်လိုက်ခြင်းနဲထိုက်တန်တယ်
တချို့သော သူတွေကတော့ သတိရခြင်းနဲလည်း မထိုက်တန်သလို စွှန်လွတ်လိုက်ချင်းတွေ စွန်ပစ်လိုက်ခြင်းတွေနဲလည်း လည်းမထိုက်တန်ဘူး
ခွင့်လွတ်ခြင်းနဲမထိုက်တန်လေတဲ့ အချို့သော သူများကို့
ကလဲ့စားချေချင်းနဲ သင့်ဟာ အနိုင်မယူပါနဲ့
Because……
ကလဲ့စားချေခြင်းသည် ပူလောင်သည့်အတွက်
သင့်ရဲ့ စိတ်ဟာ ကျန်းမာရေးဆိုးရွားစွာ
ထိခိုက်လာစေနိုင်ပါတယ့်
ခွင်လွှတ်ခြင်းနဲတောင်မထိုက်တန်လေသော ထိုသူများကို့
ရိုးမြေကျသည့်တိုင် ရာသက်ပန်
ဥပေက္ခာပြုခြင်းများနဲသာ အနိုင်ယူလိုက်ပါ
သင့် ပြုလိုက်တဲ့ ဥပေက္ခာ ရဲ့ အလင်းပြန်ချင်းတွေကြောင့်
ထိုသူများ သည့် အခြားသူများထံတွင် ဝဠ်လည်ခံရလေတယ် ။


သင်သိပါသလား ¿¿¿¿¿
~
အပေါင်းအသင်း (Or) ချစ်သူ (Or) ရည်းစား စသည့်ဖြင့်
မျှော်လင့်ချက်အချိုလေးတွေ အနည်းငယ်လောက်ကျွေးပြီး
စိတ် ကို တစ်ဘဝစာလုံး ပိုးစားသွားအောင် လုပ်လေရှိတဲ့
ကွာလတီ မပြည့်ဝ တဲ့ သူတွေဆီကနေပြီးတော့
ဘယ်တော့မှ မျှော်လင့်ချက်ကို အကြီးကြီးသွားမထားပါလေနဲ့
ဘယ် အပေါင်းအသင်းကို မှ တစ်ဘဝစာလုံး ဆိုးအတူကောင်းအတူနဲ သစ္စာရှိရှိ ပေါင်းသင်းရမယ်
ထင်ပြီးတော့လည်း မျှော်လင့်ချက်မထားလေနဲ့
သင် က တစ်ဘဝစာ BFF ပါလို သတ်မှတ်
ယုံကြည်မိလိုက်တဲ့အခါ သင့် ရဲ့ နောက်ကျောကို့
သူ က ဓါးနဲထိုးလေပြီ့
ချစ်သူ ရည်းစား သည် လည်းထိုနည်းလည်းကောင်းပဲ့!


သင်သိပါသလား¿¿¿¿¿¿¿
~
သင် ဘယ်အခြေအနေကိုပဲ ရောက်နေပါစေ့
အရည်အသွေးမပြည့်ဝတဲ့ တစ်ခြားသူတွေရဲ့ အောင်မြင်မူတွေကို ငေးပြီးတော့
သင့်ရဲ့ ယူံကြည်မူ ကို မစွှန်လွတ်လိုက်ပါစေနဲ့
တစ်ပါးသူ ရဲ့ အောင်မြင်မူ ကို အားကျလိုရပေမယ့်
သူလုပ်တဲ့ပုံစံ အတိုင်း သူဖောက်ပြီးသားလမ်းကိုတော့
လိုက်ပြီးတော့ မလျှောက်မိပါစေနဲ့
သူများ ဖောက်ပြီးသား လမ်းအတိုင်း သူများနောက်ကနေ့
လိုက်လျှောက်နေရင်တော့ ဘယ်တော့မှ ထိပ်ဆုံးကိုမရောက်တတ်သလို
သင့် ကွယ်လွန်သွားတဲ့အခါမှာလည်း သင်ရဲ့ အမည်ကို့
အချိန်အနည်းငယ်အတွင်းမှာပင် သင့်မိသားစုအပါအဝင်
သင်အပေါင်းအသင်းများက မေ့လျော့သွားကျလိမ်မည့်
Because…………¿¿¿¿
သင့် ရရှိခဲ့လေသော အောင်မြင်မူက သူတပါးရဲ့
အရိပ်အာဝါဿတွေအောက်ကနေ မဖောက်ထွက်နိုင်ခဲ့လိုပဲ့
သင့်ရဲ့ အမည် သင့်ရဲ့ အောင်မြင်ကျော်ကြားမူများကို့
သင့် ကွယ်လွန်ပြီးသည့်တိုင် လူတွေရဲ့ နူတ်ဖျားမှာ
အချိန်မည့်မျှကြာကြာ မမေ့မလျော့ပဲ
အမှတ်တရ ဖြစ်နေစေချင်ရင်တော့
သင် ဟာ ကိုယ်လမ်းကို ကိုယ်ဖောက်ပြီး ကိုယ်ယုံကြည်ချက်ကို မိတ်ဆွေစစ်လို သဘောထားပြီးတော့
သင့်ရဲ့ အောင်မြင်မူကို တစ်ပါးသူ အငွေအသက် များ
ကင်းလွှတ်စွာနဲ ကိုယ်ကို ရယူလိုက်ပါ့
နီးစပ်ရာ ပတ်ဝန်းကျင်က အောင်မြင်နေသူ အချိုရဲ့
အောင်မြင်မူတွေကို အားကျလွန်ပြီး
ကိုယ်ရဲ့ ယုံကြည်ချက်ကို စွန့်ပစ်လိုက်တာထက် စာရင်တော့
ကိုယ်ယုံကြည်ချက်နဲကိုယ်အောင်မြင်မူပန်းတိုင်ကို ပိုင်ဆိုင်ဖို
ကြိုးစားရင်း ကျရှူံးသွားတာက ပိုပြီး သိက္ခာရှိပါသေးတယ့်
[ လဲကျရင် ပြန်ထတတ်တဲ့ သောက်ကျင့်လေးရှိမှ လမ်းဆိုတာ
ဘယ်လိုလျှောက်ရမလည်းဆိုတာ သိလာမှာ ]

Uုံ
ကွိုင်
Alinmyawsin
6:26.Pm.Sun.
A.D.2016.Aug.28

ဟုတ်တယ်နော်

့ ထွက်သွားချင်တဲ့ လူဆိုတာ
ဘယ်လောက် ကောင်းကောင်းပြောနေပါစေ
ဘယ်လောက် အရုံးပေးနေပါစေ
ဘယ်လောက် အလိုလိုက်နေပါစေ
ထွက်သွားကြတာပါပဲ :-) :-)
အကောင်းမမြင်တက်တော့ဘူး

နင့်သိပါစေ

နားလည်မူမရှိတဲ့နင် နည်းနည်းလေး တိမ်းစောင်းမခံတဲ့နင် 😊ငါရှင်းပြလဲ လက်မခံတဲ့နင် အတ္တကြီးလွန်းတဲ့နင် ငါအောက်ကျို့လို့ 😋ယောင့်မတတ်ပါနဲ့ ငါသွေးအေးရင် နင့်ထက် အဆတရာပိုတယ်😊😋#LOVE❤

Wednesday, August 31, 2016

အချစ်(Love)

သူမဟာ ငါ့မျက်ခွံတွေပေါ်ရပ်နေ သူ့ဆံပင်ဟာ ငါ့ဆံပင်ထဲမှာ သူမမှာ ငါ့မျက်လုံးရဲ့ အရောင်ရှိ သူမမှာ ငါ့လက်ရဲ့ ကိုယ်ထည်အစိတ်အပိုင်းရှိ ငါ့အရိပ်ဟာ ကောင်းကင်ကြီးကို နောက်ခံထားတဲ့ကျောက်တုံးလို သူမဟာ ၀ါးမြိုခြင်းခံရ။ သူမဟာ သူ့မျက်လုံးတွေကို ဘယ်တော့မှပိတ်မှာမဟုတ်။ သူမဟာ ငါ့ကို အိပ်စေမှာမဟုတ် တောက်ပတဲ့နေ့မှာ သူ့အိပ်မက်တွေက နေ့တွေကို အရည်ပျော်စေတယ် ငါ့ကို ရယ်စေတယ်၊ငိုရင်းရယ်စေတယ် Lady Love ............... She is standing on my lids And her hair is in my hair She has the colour of my eye She has the body of my hand In my shade she is engulfed As a stone against the sky She will never close her eyes And she does not let me sleep And her dreams in the bright day Make the suns evaporate And me laugh cry and laugh အောင်သူ

အနမ်း (၁၀) မျိုး

အောက်ပါ အနမ်း (၁၀) မျိုးထဲက ကျနော့်ချစ်သူကို မေးကြည့်တယ်။ ဘယ်ဟာပိုကြိုက်သလဲလို့။ သူကတော့ တစ်မျိုးစီ ကြိုက်တာချည်းပါပဲ တဲ့။ အဲဒါကြောင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေးစားသုံးနိုင်ပါ စေကြောင်း ရည်စူးပြီး တင်ပြလိုက်ပါတယ်။ (၁) ရေတံခွန်အနမ်း= ချစ်သူနဲ့တွေ့တဲ့အခါ တောင်အမြင့်ပေါ်က စီးကျလာတဲ့ ရေတံခွန်လို ချစ်သူ့ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်း ပွေ့ဖက်ထားပြီး အားပါးတရ တရစပ် နမ်းခြင်း။ (၂) ရွှင်ပျော်ပျော်အနမ်း= ချစ်သူ့ကိုယ်ပေါ်မှာရှိတဲ့ ယားတတ်တဲ့ နေရာတွေကို လက်ချောင်းလေးတွေနဲ့ တို့ဆိပ်ရင်း ရယ်ရွှင်လာ အောင်လုပ်ပြီးမှ နမ်းခြင်း၊ (၃) ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀အနမ်း= ချစ်သူရဲ့နှုတ်ခမ်းကို ငုံစုပ်ပြီး မနမ်းပဲ အပေါ်ယံနှုတ်ခမ်းသားလေးတွေအပေါ် လျှာဖျားလေးနဲ့ တို့ထိကလိ ပေးလျှက် နမ်းခြင်း၊ (၄) စွမ်းအင်ပြည့်အနမ်း= နှုတ်ခမ်းကို လုံးဝမထိမိစေပဲ ချစ်သူ့တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ကာ ချစ်သူ့ကျောပြင်ကို လက်ချောင်း များဖြင့် ပွတ်သတ်ပေးခြင်းဖြင့် နမ်းခြင်း၊ (၅) ရေခဲစိမ်အနမ်း= ပူအိုက်တဲ့ရာသီမှာ ချစ်သူနဲ့အတူ ရေခဲမုန့်စားခြင်းဖြင့်ဖြစ်စေ၊ အအေးသောက်ခြင်းဖြင့်ဖြစ်စေ၊ နှစ်ဦးစလုံးရဲ့ နှုတ်ခမ်းများကို အေးစက်အောင်လုပ်ပြီးမှ နမ်းခြင်း၊ (၆) မူဟန်ကြွယ်အနမ်း= ချစ်သူနဲ့အတူနေတဲ့အခါ အလျှင်စလိုမနမ်းမိစေပဲ ချစ်သူလိုလားမှန်းသိသည့်တိုင် မသိယောင်ဆောင်နေပြီး သူ့ဘက်က အငမ်းမရတောင်းတလာမှ နမ်းခြင်း၊ (၇) တူးတူပုန်းအနမ်း= ချစ်သူနဲ့ပြေးလွှားဆော့ကစားရင်း ကိုယ်အချင်းချင်းပွတ်သတ်ထိတွေ့စေပြီး ပျော်ရွှင်အူမြူးအောင်လုပ်ပြီးမှ နမ်းခြင်း၊ (၈) အာရှအနမ်း (သို့) မွှေးမွှေးပေးခြင်း= နှုတ်ခမ်းချင်းမထိစေပဲ ချစ်သူရဲ့ နဖူးပြင်၊ ပါးပြင်စသည်ကို မွှေးမွှေးပေးခြင်းဖြင့်နမ်းခြင်း၊ (၉) သကာစိမ်အနမ်း= ချော့ကလက်သကြာလုံးစသည်ကို တစ်ဦးပါးစမ်းထဲ တစ်ဦးပါးစပ်ဖြင့်ထည့်ပေးလျှက် အပြန်အလှန်နမ်းခြင်း၊ (၁၀) ငတက်ပြားအနမ်း= ချစ်သူနဲ့အတူ တွဲသွားတဲ့အခါ ပတ်ဝန်းကျင်လူ အခြေအနေကြည့်လျှက် လစ်ရင်လစ်သလို နမ်းခြင်း၊ ဟု အနမ်း (၁၀)မျိုးပါးကို မှတ်သားရပါကြောင်း။ နတ်လူသာဓုခေါ်စေသော်😆😆😆😆😆😉😉😉😉😉😉😉😙😙😙😙

အောင်သူ

အမျိုးသားနဲ့ အမျိုးသမီးတွေမှာ ကွဲပြားခြားနားမှုတွေ ရှိတယ်ဆိုတာ မှန်ပါတယ်။ အထူးသဖြင့် ချစ်ခြင်းမေတ္တာကို ပြသကြရာမှာ အမျိုးသားတွေဟာ စကားနဲ့ မဟုတ်ဘဲ အပြုအမူနဲ့ ပြတတ်ကြပြီး အမျိုးသမီးတွေကနှုတ်ကနေ ဖွင့်ဟပြောဆိုတတ်ကြပါတယ်။ အမျိုးသားအများစု ပြုလုပ်တတ်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ သူ့မှာ အနာဂတ်အစီအစဉ်တွေ သင့်အတွက် ရှိနေပါတယ်။ ၂။ တခြားဇိမ်ခံပစ္စည်းတွေနဲ့ အပန်းဖြေစရာ နေရာတွေအတွက် ငွေမသုံးတော့ဘဲ သင့်အတွက်ပဲ အထူးလိုအပ်တာတွေ ဖြည့်စွက် ၀ယ်ပေးပါတယ်။ ၃။ ညစာ စားပြီးတာနဲ့ တီဗီကြည့်ဖို့ ထမင်းစားခန်းထဲက တစ်ယောက်တည်း ထွက်မသွားဘဲ သင်နဲ့အတူ သိမ်းဆည်းပေးပြီး ပန်းကန်ခွက်ယောက်တွေ ဆေးကြောပေးပါတယ်။ ၄။ သင် အလိုမတူတဲ့ ကိစ္စတွေအတွက် ဖိအားမပေးဘဲ နားလည်ပေးပါတယ်။ ၅။ သူ အသုံးပြုတဲ့ I T ပစ္စည်းတွေမှာ ဘာ Password မှ မထားဘဲ သင်ယူသုံးနိုင်လောက်အောင် လျှို့ဝှက်ချက် ကင်းပါတယ်။ ၆။ ဘာပဲလုပ်လုပ် သင့်ကို ခွင့်တောင်းပါတယ်။ ၇။ သင် စိတ်လေးနေရင်လည်း သေချာနားလည်အောင် ဖျောင်းဖျပြီး အကြံတစ်ခုခု ပေးတယ်။ ၈။ ဈေးဘက်လမ်းကြုံရင် သင်ကြိုက်တတ်တာလေးတွေ ၀ယ်လာတတ်တယ်။ ၉။ သူ့မျက်လုံးထဲမှာ သင့်အမူအရာတွေက ချစ်စရာ ကောင်းနေတတ်တယ်။ ၁၀။ သူ့ဘက်က မနှစ်သက်တဲ့သူနဲ့ သင် ပတ်သက်နေရင်တောင် နားလည်မှု ပေးတတ်တယ်။ ၁၁။ သင်က သူ့ကို စိတ်မချဘူးလို့ ပြောချိန်တိုင်း တခြားကိစ္စတွေကိုပါ ခါးခါးသီးသီး ဖျက်ပစ်လိုက်တယ်။ ၁၂။ သင်နဲ့အတူရှိချိန်တိုင်း ထွေးပွေ့ထားတတ်တယ်။ ၁၃။ အတူရှိချိန်တိုင်း အနမ်းတွေ ပေးတတ်တယ်။ ၁၄။ သင်တို့ရဲ့ အတူနေထိုင်မှုဟာ ချစ်ခြင်းမေတ္တာကို အခြေခံတယ်။ ၁၅။ အချိန်ပိုအလုပ်တွေ လုပ်နေရရင် သူနဲ့ မတွေ့ရသေးတာကြောင့် ၀မ်းနည်းနေတတ်တယ်။ ၁၆။ ဘာအထိမ်းအမှတ်နေ့မှ မဟုတ်ရင်တောင် “မင်းကိုချစ်တယ်”ဆိုတဲ့စကားကို ပြောလေ့ရှိတယ်။ ၁၇။ သူ ဘာတွေပဲလုပ်လုပ် သင့်အတွက်သာ ဖြစ်တယ်။ ၁၈။ သင်ဟာ ဘယ်တော့မှ အထီးကျန်တယ်လို့ မခံစားရဘဲ သင့်အနားမှာ သူ့နှလုံးသား အမြဲရှိတယ်လို့ ခံစားမိတယ်။ ၁၉။ သင်က အနှောင့်အယှက်ပေးရင်တောင် ဘာကြောင့်လဲဆိုတာကို ဂရုစိုက်ပေးတတ်တယ်။ ၂၀။ သင် ဖုန်းခေါ်တာနဲ့ လွဲချော်သွားခဲ့ရင် ချက်ချင်း ပြန်ခေါ်တယ်။ ၂၁။ အတိတ်က သင့်မကောင်းကြောင်းတွေကို အတိတ်မှာသာ ထားတယ်။ ၂၂။ အလုပ်ကိစ္စနဲ့ ခရီးထွက်ရရင်တောင် သင့်ကို အပါခေါ်ဖို့ ကြိုးစားတယ်။ ၂၃။ သင် ပြောသမျှကို သတိတရ ရှိနေတတ်တယ်။ ၂၄။ သူ့ထက် သင်ဟာ ဘယ်လောက်ပဲပိုပြီး လှနေပါစေ၊ သဘောကျနေတတ်တယ်။ ၂၅။ အိမ်သန့်ရှင်းရေးလုပ်ဖို့ ဘယ်တော့မှ ဖိအားမပေးဘူး။ သူကတောင် ပိုပြီး ၀ိုင်းကူပေးတယ်။ ၂၆။ သင် နာမကျန်းဖြစ်နေရင် သင့်ဘေးမှာပဲ အမြဲနေတတ်တယ်။ ၂၇။ အန္တရာယ်တစ်ခုခုကြုံတိုင်း သင့်ကို ကာကွယ်ပေးဖို့သာ စိတ်ထဲရှိတယ်။ ၂၈။ သင် ဘာမှလိမ်းခြယ်မထားရင်တောင် လှနေတာပဲလို့ ထင်နေတတ်တယ်။ ၂၉။ တစ်ယောက်ကို တစ်ယောက်ချစ်တဲ့ အကြောင်းပြောချိန် ၀မ်းသာလွန်းလို့ မျက်ရည်တောင် ကျတတ်တယ်။ ၃၀။ တခြားယောက်ျားတစ်ယောက်အကြောင်း ပြောတိုင်း သ၀န်တိုတတ်တယ်။ ၃၁။ သင်တို့နှစ်ယောက် စကားများ ရန်ဖြစ်တိုင်း ပထမဆုံး အလျှော့ပေး တောင်းပန်တတ်သူဟာ သူပဲ။ ၃၂။ သူ့ရင်ဘတ်ပေါ်မှာ သင့်ကို အိပ်စက်စေတယ်။ ၃၃။ သူ့လုပ်ငန်းအကြောင်းအားလုံး သင့်ကို အပြည့်အစုံ ပြောပြလေ့ရှိတယ်။ ၃၄။ သင် တစ်ခုခုမှားယွင်းတိုင်း ကြိုးစားပြီး အကောင်းဘက်ကို ညွှန်ပြ ပေးတယ်။ ၃၅။ သူ့အပန်းဖြေအားလပ်ချိန်တွေလည်း သင်နဲ့အတူပဲ သွားဖို့ စီစဉ် တယ်။ ၃၆။ သင့်အတွက် အဖိုးတန်ပန်းလေးတွေ သူ ယူလာတတ်တယ်။ ၃၇။ သူ့အပေါင်းအသင်းတွေရှေ့မှာလည်း သင့်ကို ဘယ်လောက်တန်ဖိုးထားကြောင်း ပြောလေ့ရှိတယ်။ သင့်ပုံက သူ့ဖုန်းထဲက Screen ပေါ်မှာ တင်ထားတတ်တယ်။ ၃၉။ သူ နေမကောင်းရင်တောင် သင့်ကို အဖျားကူးမှာ ကြောက်တတ်တယ်။ ၄၀။ သင့်အကြိုက်ဆုံးသီချင်းနဲ့ ဇာတ်လမ်းတွေကို သတိရနေတတ်တယ်။ ၄၁။ သူ ပေးထားတဲ့ချစ်စနိုးနာမည်လေးကို သုံးပြီး ခေါ်တတ်တယ်။ ၄၂။ ဘာပြဿနာပဲဖြစ်ပါစေ၊ သင့်ဘက်က သူရပ်တည်ပေးတယ်။ ၄၃။ တစ်ယောက်ယောက်က သင့်ကို ရိုင်းပျစွာ ဆက်ဆံရင် သင့်ရှေ့က သူ ဖြေရှင်းပေးတယ်။ ၄၄။ ဈေးဝယ်ထွက်ရင် သင်ဝယ်မယ့်ပစ္စည်းတွေကို သူက ပိုပြီး စေ့စေ့စပ်စပ် ကြည့်ပေးတယ်။ ၄၅။ သင် ၀ယ်မယ့် အ၀တ်အစားတွေ အတွက် သူက ပိုပြီး စိတ်ဝင်စားစွာ ရှာဖွေပေးတယ်။ ၄၆။ ပျော်ပွဲသဘင်တွေကို စိတ်မ၀င်စားပေမယ့် သင်သွားချင်ရင် ၀မ်းပန်းတသာ လိုက်ပို့ပေးတယ်။ ၄၇။ သင်ကြိုက်နှစ်သက်တဲ့ ပစ္စည်းလေးတွေ ကို အံ့အားသင့်သွားစေဖို့ လက်ဆောင်ပေးတတ်တယ်။ ၄၈။ ပျော်ရွှင်စရာ ကြုံတိုင်း မျှဝေခံစားတတ်တယ်။ ၄၉။ အိပ်ချိန်နောက်ကျပြီး ကျန်းမာရေး ထိခိုက်မှာကို အမြဲစိုးရိမ်တတ်တယ်။ ၅၀။ လူကြားထဲမှာ သင့်လက်ကို အမြဲတွဲထားတတ်တယ်။ ၅၁။ သင့်လက်ကိုင်အိတ်နဲ့ ပိုက်ဆံအိတ်တွေကို အမြဲ ကူကိုင်ပေးတတ်တယ်။ ၅၂။ သင့်ခန္ဓာကိုယ်အလေးချိန်တက်တာနဲ့ ပတ်သက်ပြီး ပြဿနာ မရှာတတ်ဘူး။ ၅၃။ ချိန်းထားတဲ့အချိန် နောက်ကျပြီးမှ သင်ရောက်လာရင် သူက ပြုံးပြီး ကြည့်နေတတ်တယ်။ ၅၄။ သင့်ကို စူးရှကျယ်လောက်စွာနဲ့ ဒေါသတကြီး ဘယ်တော့မှ မပြောဘူး။ ၅၅။ စိတ်ဆိုးပြီး စကားများရင်တောင် လက်နဲ့ မရွယ်တတ်ဘူး။ ၅၆။ သင့်ကို ပြည့်စုံစေချင်တဲ့စိတ် အမြဲရှိနေတတ်တယ်။ ၅၇။ သူ့သူငယ်ချင်းတွေနဲ့ သွားတွေ့တိုင်း သင့်ကိုပါ ခေါ်သွားတတ်တယ်။ ၅၈။ သင်မေးတဲ့အကြောင်းအရာတွေကို အမြဲတမ်း စိတ်ရှည်စွာ ဖြေကြားလေ့ရှိတယ်။ ၅၉။ သူ့မိန်းကလေးမိတ်ဆွေတွေရှိရင်လည်း သင့်အကြောင်း အမြဲ ပြောပြတတ်တယ်။ ၆၀။ နှစ်ယောက်အတူ ကစားပွဲလေးတွေလုပ်ရင်လည်း သင့်အတွက် အနိုင်ရမယ့် နည်းလမ်းတွေ ပြောပြပေးတတ်တယ်။ ၆၁။ သူ သင့်ကို ပေးထားတဲ့ ကတိတစ်ခုခုအတွက် အမြဲကြိုးစားနေ တတ်တယ်။ ၆၂။ သူငယ်ချင်းတွေနဲ့ အပြင်သွားလို့ သင်မပါရင်တောင် သင့်အတွက် မုန့်တချို့ ပါဆယ်ထုပ်လာတတ်တယ်။ ၆၃။ သင်သိမှာကြောက်တဲ့မိတ်ဆွေကြောင့် ဖုန်းကို ဆိုင်းလန့်(Silent) လုပ်ထားတာမျိုး မရှိဘူး။ ၆၄။ သူ့အတွက် သင်ချက်ထားတာတွေကို အကုန်စားတတ်တယ်။ ၆၅။ ညနေဘက်တွေမှာ သင်နဲ့အတူအချိန် ဖြုန်းရတာကို သူက ပျော် နေတတ်တယ်။ ၆၆။ လက်ထပ်လက်စွပ်ကို ဘယ်တော့မှ မချွတ်ဘူး။ ၆၇။ ကိုယ်ကျိုးအတွက် သင့်ကို အသုံးမချတတ်ဘူး။ ၆၈။ သင် ၀တ်တဲ့ဝတ်စုံက မလှရင်တောင် ရှုတ်ချပြီး မပြောဘူး။ အကြံပေးတတ်တယ်။ ၆၉။ သင့်မွေးနေ့ကို ဘယ်တော့မှ မမေ့တတ်ဘူး။ ၇၀။ သင်တို့နှစ်ယောက် နှစ်ပတ်လည်နေ့ကို ဘယ်တော့မှ မမေ့ တတ်ဘူး။ ၇၁။ သင်က သ၀န်တိုမှုတွေရှိနေရင် အချိန်ယူပြီး နားလည်အောင် ရှင်းပြပေးတတ်တယ်။ ၇၂။ သင်တို့ကြားက ငြင်းခုံမှုတွေမှာ သူ့ဘက်က မှန်နေရင်တောင် သင့်ကို အလျှော့ပေးလိုက်တယ်။ ၇၃။ သင့်နေရာမှာအစားထိုးရမယ့်သူမရှိတော့ဘူးလို့ ပြောတတ်တယ်။ ၇၄။ သင့်အလုပ်မှာ ရာထူးတိုးရင် သင့်ထက် သူက ပိုပြီးပျော်ရွှင်နေတတ်တယ်။ ၇၅။ ပျော်ပွဲရွှင်ပွဲနေ့လေးတွေမှာ လက်ဆောင်ပေးဖို့ သင့်အတွက် ၀ယ်လေ့ရှိတယ်။ ၇၆။ သင် မကြိုက်တာတွေကို သူ ဘယ်တော့မှ မပြောတတ်ဘူး။ မှတ်ထားတတ်တယ်။ ၇၇။ သင့်ခံစားချက်ကို သူ့ခံစားချက်ထက် ပိုပြီးဦးစားပေး၊ နားလည်တယ်။ ၇၈။ သင့်ခံစားချက်တွေကို မျှဝေခံစားပေးတတ်တယ်။ ၇၉။ သင့်မိသားစုနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ ကြိုးစားနေတတ်တယ်။ ၈၀။ သူရဲ့နေ့ရက်တွေတိုင်းရဲ့ အားလပ်ရက်နဲ့ ပိတ်ရက်တွေဟာ သင့်အပေါ် မူတည်နေတယ်။ ၈၁။ သူခေါ်တဲ့ဖုန်းနဲ့လွဲသွားရင်တောင် သင့်ကို စိတ်မဆိုးဘဲ စိတ်ပူတတ်တယ်။ ၈၂။ သူ့မိခင်က သင့်ကို မကြိုက်ရင်လည်း နားလည်အောင် ကြိုးစားဆောင်ရွက်တယ်။ ၈၃။ သူ့မိခင်က သင့်ကို ရိုင်းပျစွာပြောရင်တောင် သင့်နားကို မရောက်အောင် မပြောဘဲ ထားတတ်တယ်။ ၈၄။ သင်ကြိုက်တဲ့အရာတွေကို ဘယ်မှာပဲ တွေ့တွေ့ တတ်နိုင်သလောက် စုဆောင်းတတ်တယ်။ ၈၅။ သင်က မိန်းကလေးသူငယ်ချင်းနဲ့ အပြင်သွားဖို့ချိန်းထားတာကို ဖျက် ရင်တောင် နားလည်ပေးတယ်။ ၈၆။ အိပ်ရာဝင်ဖို့ အမြဲပွေ့ချီပြီး ခေါ်တတ်တယ်။ ၈၇။ အိပ်ရာဝင်ချိန်နဲ့အိပ်ရာနိုးချိန်တွေမှာ သင့်ကို နမ်းတတ်တယ်။ ၈၈။ ပျော်ရွှင်စရာ ဘယ်ကိစ္စတွေမဆို သင့်ကို သိစေချင်တယ်။ ၈၉။ သူခိုင်းတဲ့ကိစ္စတွေ လွဲချော်မှားယွင်းသွား ရင်လည်း အပြစ်မတင်ဘဲ မေ့ထားဖို့ ပြောတတ်တယ်။ ၉၀။ Facebook ပေါ်က သူ့ခင်မင်မှုတွေကို သင့်ကို ပေးသိတတ်တယ်။ သူ့အကောင့်မှာ သင့်ကိုချစ်ကြောင်း Comment တင်လေ့ရှိတယ်။ ၉၁။ သူ့အကောင့်ရဲ့ မက်ဆေ့ခ်ျတွေ သင် အကုန်သိတယ်။ ၉၂။ သင့်ကို ဘယ်အကြောင်းနဲ့မှ မျက်ရည် မကျစေဘူး။ သူသာ သင့် အတွက် ငိုရင်ငို လိမ့်မယ်။ ၉၃။ ပျော်ပွဲရွှင်ပွဲတွေကို သင်မပါဘဲနဲ့ ဘယ်တော့မှ မသွားဘူး။ ၉၄။ သင် ဘေးမှာရှိနေလျက်နဲ့ သတိမေ့လောက်အောင် သောက်စားမူးရစ် မနေဘူး။ ၉၅။ သင့်အပေါ်အမြဲတမ်းယုံကြည် စိတ်ချနေတတ်တယ်။ ၉၆။ သင်နဲ့အတူ လုပ်ငန်းကိစ္စလေးတွေ တိုင်ပင်ပြီး အသိပေးတတ်တယ်။ ၉၇။ သူ့အလုပ်ကိစ္စတွေကို မေးတိုင်း စပ်စုတယ်လို့ ဘယ်တော့မှ အပြစ် မတင်တတ်ဘူး။ ၉၈။ သူ့ဘ၀အတွက် ၀မ်းသာစရာကိစ္စတစ်ခုကို အရင်ဆုံး သိစေချင်တဲ့သူက သင်ပဲ။ ၉၉။ အချစ်၊ ယုံကြည်မှုနဲ့ စိတ်ရှည်ခွင့်လွှတ်မှုတွေ သူ့မှာ အမြဲရှိတတ်တယ်။ ၁၀၀။ ဘယ်ကိုပဲသွားပါစေ၊ ခြံထဲကို ခဏ ဆင်းရင်တောင် သင့်ကိုပြောပြီး ခွင့်တောင်းတတ်တယ်။ ကဲ…သင့်မှာ ဒီလိုချစ်တတ်တဲ့ ချစ်သူတစ်ယောက်ရှိနေပြီလား။ ဒါဆိုရင်တော့ သင်ဟာ အချစ်ကံကောင်းသူလို့ ပြောရမှာပါ။

♥ ယောက်ျားတိုင်းကတော့ သင့်မျက်ရည်ကို သုတ်ပေးနိုင်မှာပါ ... ဒါပေမယ့် သင့်ကို ရယ်မောအောင် လုပ်ပေးနိုင်တဲ့ ယောက်ျားကတော့ ရှားလိမ့်မယ် ... ♥ ယောက်ျားတိုင်း သင့်လက်လေးကို ဆုပ်ကိုင်နိုင်မှာပါ ... ဒါပေမယ့် သင့်ဖိနပ်ကြိုးလေးကို ငုံ့ချည်ပေးမယ့် ယောက်ျားကတော့ ရှားလိမ့်မယ် ... ♥ ယောက်ျားတိုင်း သင်နဲ့အတူရန်ပြိုင်ဖြစ်နိုင်တယ် ... ဒါပေမယ့် သင်အော်ငေါက်နေတာကို (ချစ်တဲ့စိတ်နဲ့) ခေါင်းငုံ့ခံနေမယ့် ယောက်ျားကတော့ ရှားလိမ့်မယ် ... ♥ သင့်အချစ်ကို လိုချင်တဲ့ယောက်ျား အများကြီး ရှိမှာပါ ... ဒါပေမယ့် အဲ့အချစ်ကို တန်ဖိုးထားမယ့် ယောက်ျားကတော့ ရှားလိမ့်မယ် ... ♥ သင့်ကို ပြည်စုံအောင်ထားနိုင်ပါတယ်ဆိုတဲ့ ယောက်ျားအများကြီး ရှိမှာပါ.. ဒါပေမယ့် သင့်ကို စိတ်ချမ်းသာအောင် ထားနိုင်မယ့် ယောက်ျားကတော့ ရှားလိမ့်မယ် ... ♥ ယောက်ျားတိုင်းကတော့ သ၀န်တိုတတ်ကြမှာပါ ... ဒါပေမယ့် သင့်အပေါ် နားလည်မှုရှိတဲ့ ယောက်ျားကတော့ ရှားလိမ့်မယ် ... ツ ရှားပါတယ်ဆိုတဲ့ ယောက်ျားမျိုးကို သင့်ချစ်သူအဖြစ် ပိုင်ဆိုင်ထားပြီဆိုရင်တော့ သေချာပါတယ်.... သင်ဟာ အရမ်းကံကောင်းတဲ့ မိန်းကလေးတစ်ယောက်ပဲ!! ツ

အောင်သူ

ဘယ်သူကိုမှာရည်ရွယ်ဘူးနော် ဆေးသမား... ဘဝရင်းရတယ်.... လောင်းကစားသမား... စီးစိမ်ရင်းရတယ်... အရက်သမား... အသက်ရင်းရတယ်... ပစ်တစာမ.... အရှက်ရင်းရတယ်... သူခိုးက... အချိန်ရင်းရတယ်... လူလိမ်က.... အတွေခေါ်တွေရင်းရတယ်... အသဲကွဲသမား.... နှလုံးသားတစ်ခုလုံးရင်းရတယ် ခုဒီစာကိုဖတ်နေတဲ့သူကတော့... ဖုန်းဘေရင်းရတယ်...ဟုပ်တယ်ဟုပ်

ချစ်ဆုံးသူငယ်ချင်းကဗျာလေးပါ

♡ အလွမ်း သတင်း ♡ (၁)..... အချိန်တွေရဲ့ အဆုံးသတ်မှုဟာ နောက်ဆုံးတော့လည်း နှုတ်ဆက်ခြင်းနဲ့ ကျနော်နံဘေးနားက ထွက်ခွာသွားခဲ့ ဒီနှလုံးသားထဲမှာ ကောင်မလေးဆိုတာ ကမ္ဘာကြီးတစ်ဖက်ခြမ်းမှာ နေထိုင်လို့ ပျော်ရွှင်မှုတစ်ခုတည်းနဲ့ သတိရခြင်းဟာ ကင်းမဲ့နေပြီးလားကွယ်... (၂)..... ကြယ်တွေ ကြွေလွှင့်ခြင်းများစွာနဲ့ အထီးကျန် ညတစ်ညမှာ ငါ့ ဆုတောင်းမှားခဲ့ရ..... အိပ်မက်တွေ ပျက်လွှင့်ခြင်းများစွာနဲ့ မွန်ကျပ်မှု သန်ခေါင်ယံမှာ ငါ့ အနာဂတ်လမ်း ပျောက်ရှခဲ့ရ..... အလွမ်းတွေ တနင့်တပိုးနဲ့ မင်း ပြန်လာမှာပါလို့ အဖြေသိမ့်နေရတဲ့ မျှော်လင့်ချက်များစွာ နွမ်းလျခဲ့ရ..... ငါ့.....မြတ်နိုးတဲ့ ဒုတိယ မိန်းကလေးဆိုတာ မင်း တစ်ယောက်တည်းကိုပါကွယ်...... (၃)..... ခရီးအဆုံးထိ လှမ်းလိုက်တော့ မင်းရည်မှန်းထားတဲ့ ပညာရေးပန်းတိုင်းဆီ ရည်ရွယ်ချက်တွေ တတ်မြောက်ခဲ့ရင် သူစိမ်းတစ်ယောက်လို့ မနေနဲ့ပေါ့ ငါ့ ရင်ဖွင့်စကားတွေ မျိုသိပ်လိုက်မယ်..... (၄)..... ပင်လယ်ပြင်ဟာ ကျယ်လွန်းသလား ကောင်းကင်ဟာ မြင့်လွန်းသလား ဘဝတွေဟာ မရေရာ ဘာမှာ မသေချာတဲ့ ငါ့ကတော့ မင်းကို မျှော်လင့်လျက် ရှင်သန်နေသူတစ်ဦးပါ.... (၅)..... ချစ်ရသူလေး အလွမ်းဆိုတဲ့ ဆန္ဒတစ်စုံနဲ့ ပစ္စုပ္ပန်အချိန်များကို ငါ့ဟာ ဥပက္ခာပြုခဲ့တာ မင်းမှာ မသိပါဘူး တစ်လောကလုံး မေ့လျော့နေတဲ့အထိ..... (၆)..... ပျောက်ဆုံးနေဆဲ အနာဂတ်တစ်ချို့ ပျောက်ရှသွားတဲ့ မင်းခြေလှမ်းများကို အပြန်လမ်းက စောင့်လို့တော့ကြိုနေမယ် ငါ့ချစ်ခြင်းများ တစ်ပွေ့တစ်ပိုက်နဲ့ပေါ့..... (၇)..... အလွမ်းတိုင်း နေ့ရက်များ မိန်းကလေး ငဲ့ကြည့်လိုက်အုံး ငါ့ကို ဖြေသိမ့်လိုက်ပါ သတိတရရှိနေတယ်ဆိုတဲ့ စကားတစ်ခွန်း ငါ့ကို တွေ့ဆုံခွင့်ပေးပါ အနီးစပ်ဆုံး နှလုံးသားနှစ်ခု ပေါင်းဆည်းဖို့ မင်း မေ့ပစ်လိုက်တဲ့ နေ့တစ်နေ အသည်းကွဲငါ့ နုံ့ချာခဲ့တယ်..... (၈)..... တယုတယနဲ့ လွဲမှားချက်များ အနက်ရှိုင်းဆုံး ဇစ်မြစ်တစ်ခု ရှာဖွေနေ ခွင့်လွှတ်မှုတွေဟာ အဆုံးသတ်မှာ မိန်းကလေးရေ..... မင်းနဲ့ငါ့ ဇတ်လမ်းတစ်ပုဒ်ကို ကြေကွဲစရာဖြစ်အောင် ငါ့ ဇတ်ညွှန်း မရေးတတ် မင်းနဲ့ငါ့ ဝေးကွာရခြင်းကို ကဗျာတစ်ပုဒ်ဖြစ်အောင် ငါ့ ကာရံညီဖို့ မဖွဲ့တတ် ဒါပေ့မယ့်..... မိန်းကလေးရေ မင်းကိုတော့ ငါ့ ရင်နှင့်အောင် ချစ်တတ်ခဲ့တယ်..... (၉)..... ဘယ်လို့ပဲ ဖြစ်ဖြစ်ပေါ့လေ ငါ့တို့ ဝေးခဲ့ကြပြီး..... ကမ္ဘာကြီးထဲမှာ... တစ်ယောက် တစ်နေရာဆီ နေထိုင်ခဲ့ကြ မင်းလည်း ငါ့သိအောင် လွမ်းတတ်မှာမဟုတ် ငါ့လည်း မင်းသိအောင် အရှုံးသမားဖြစ်မှာ မဟုတ်တော့ တို့နှစ်ယောက် ဒီတစ်ခါ ဆောင်းရောက်ရင် သွေးအေးအေးနဲ့ မေ့ပစ်လိုက်ကြမယ်..... (၁၀)..... လွမ်း သတင်း လွမ်းရင်း ကြေငြာ လွမ်းလွန်းလို့ ရေးဖွဲ့ လွမ်းနေသူ မျက်ရည်ဝဲ လွမ်းရေးထက် ဝမ်းရေးခက်သတဲ့ လွမ်းမိသောကဗျာမှာ အမုန်းမပါ လွမ်းကဗျာ နှလုံးသားထဲမှာ လွမ်းအရာ ရှင်ကွဲနှစ်ဦး လွမ်းမိလည်း ရင်ကွဲနာကျရ၏.....။   ။ (၁၁)..... မိန်းကလေးရေ အတိတ်ကို မေ့ပစ်ပြီး မင်းလျှောက်ရမယ့် အောင်မြင်မှုဆိုတဲ့ အိပ်မက်လမ်းမှာ ပျော်ရွှင်ပါစေကွယ်... အချိန်တိုင်း ချမ်းမြေ့ပါစေကွယ်..... ကြယ်တွေ ကြည့်ငေးမိတိုင်း သစ္စာတရားနဲ့အတူ ဆုတောင်းနေမိတယ်..... ဟော့..... ရင့်ကျက်မှုနဲ့ အလွမ်းညတစ်ည ကုန်ဆုံးသွားပြန်ပြီး..... အလွမ်းဆိုတာလည်း သေခြင်းတရား မရောက်သေးတဲ့အထိ ကျွန်တော် ဘဝမှာ သူမအတွက် အမြဲတမ်း ရှင်သန်နေတာပါ..

အဖြေမရတဲ့ အသည်းကွဲ ပုစ္ဆာ ကမ္ဘာတွေခြားနား တို့နှစ်ယောက်အတွက် အသင်္ချေ သချာင်္ သီအိုရီ ထုတ်ဖို့ရန် ရှိနေပြီးလား………။ ဒါ့ပေ့မယ့်………ငါ့ချစ်သူက ဝေးကွာသွားလို့ နှုတ်ဆက် မိုင်ပေါင်းတွေက တစ်ယူဇနာ ဒီနှလုံးသားမှာ ၁၅၀၀နဲ့ ပေါင်း ပုစ္ဆာက အဖြေမထွက်နိုင်တော့ဘူး……။ ချစ်သူက……စွန်လွှတ်နိုင်သူမို့ အဖြေမရတဲ့ အသည်းကွဲ ပုစ္ဆာ သုည ကြွင်းနေခဲ့ပြီးလေ………။ ငါ့ ခါးသီးမှုတွေဟာ…… မရေတွက်နိုင်အောင်… အသင်္ချေတွေ ရှိနေတော့…… သူ မသိလည်း…… ဒီနှလုံးသားမှာ ဗလာနိတ္တိ ဘာမှာ မရှိတော့ဘူး………

♥ချစ်သူအတွက်…ဒီရင်ထဲက…ကဗျာ♥ ငါ့တို့ မတွေ့ဆုံတဲ့ နေ့ရက်မှာ တိမ်တိုက်များ ဟာ လရောင်လဲ့လဲ့ထဲ ဖြတ်သန်းသွားကြတယ်……။ ။ မင်းလည်း ငါ့ဆီမရောက်ခဲ့ ငါ့လည်း မင်းဆီမလာဝံ့ခဲ့လို့ ဖြစ်မှာပါ မြစ်ရေစီးသံတို့ ခြောက်သွေ့လွန်း ဒီလို့ စဉ်းစားတွေးခေါ်ခဲ့ရ ချစ်သူတို့ရဲ့ ကန္တရလွင်ပြင် ဟိုးဝေးဝေးကို ငေးကြည့်လိုက်တိုင်း ပေါင်းဆုံမယ့်လို့ ထင်ခဲ့ရတဲ့ ရထားသံလမ်းလေးတွေဟာ ဘယ်တုန်းကမှာ မပေါင်းဆုံခဲ့ပါဘူး သူရင်ဘတ် ကိုင်းကျွန်းလယ်ယာမြေမှာ ရောင်စုံပန်းတို့ ပွင့်ဝေခဲ့ကြပေါ့…။ ။ ညနေရီ…………… ခရောင်ကောင်းကင်လမ်း အိပ်တန်းပြန်ငှက် ပျံသန်းခဲ့ပုံ ကျွန်တော် ကဗျာတစ်ပုဒ်ကို သူ သတိမရနိုင်တော့ပါ……။ ။ တကယ်တမ်း တွေးတော့လည်း သိသိသားသားလေး…… အလှမ်းဝေး နေဆဲပါပဲလေ……… မြက်ရိုင်းတောလေးဆိုပေ့မယ့် မင်း အတွက်ဆိုရင် ပန်းဥယျာဉ်လေးပဲ ဖြစ်ချင်နေခဲ့တာပါ…။ ။ ဆန္ဒတွေဟာ ဆန္ဒပါပဲ…… အချိန်ကာလတွေကသာ အချစ်ကို ရူးမိုက်မှုအဖြစ် တန်းဖိုးဖြတ်ခဲ့ပေါ့……။ ။ အဲဒီလို့နဲ့ပဲ…… မျှော်လင့်ချက်တွေဟာလည်း ဒုက္ခိတ တစ်ယောက်လို့ ကိုယ်လက်အင်္ဂါ မစုံလင်ခဲ့ရရှာဘူး……။ ။ ချစ်သူအတွက် ဒီရင်ထဲက…… ကဗျာများကိုလည်း သူ နှလုံးသားမှာ သူစိမ်းဆန်ခဲ့တာ ကြာလှပေါ့……။

ငှက်တစ်ကောင်အတွက် ကောင်းကင်ကြီးက ကြီးလွန်းတာလား ကောင်းကင်အတွက် ငှက်တစ်ကောင်ဟာ ငယ်လွန်းတာလား ဘယ်လိုပဲဖြစ်ဖြစ် နှစ်နှစ်ကာကာ ချစ်ခဲ့ပါတယ်♥♥♥ ကမ္ဘာကြီးတောင်မှ လင်းတစ်ခြမ်း မှောင်တစ်ခြမ်းနဲ့ " အပြည့်အဝ " ဆိုတာ ခပ်ရှားရှားရယ်♥♥♥ အချစ်ဆိုတာ " ဘဝ " မဟုတ်ဘူးတဲ့ သူ့ နုတ်ခမ်း အဖွင့်ပိတ်မှာ ငါ့♥♥♥မျက်ရည် ခဏခဏ စို့ခဲ့ရတယ်♥♥♥ အခုတော့ ဘဝ ကို ဘဝ နဲ့ချီပြီး ခံစားနေရတယ်လေ♥♥♥♥♥♥


ချစ်သူသိပါစေ